လက်ရှိ Single ဖြစ်နေသူအများစုက သူတို့ဘဝအတွက် မှန်ကန်တဲ့ လူမှန်ကို မတွေ့သေးလို့ ဒါမှမဟုတ် ကိုယ်သဘောကျနေသူက Wrong Person ဖြစ်နေလို့ Single ဖြစ်နေတတ်ပါတယ်။ သင်က သင့်ဘဝအတွက် Right Person ကို တွေ့ခဲ့မယ်ဆိုရင်တော့သင်က အင်မတန် ကံကောင်းသူ တစ်ယောက်ပါ။ ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ Right Person ကို တွေ့ဖို့ သိထားရမယ့်အရာတွေကတော့-

၁။ ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်ပါ

သင့်အကြိုက်နဲ့ သူက ထပ်တူကျနိုင်ဖို့အရင်ဆုံး သင့်အကြောင်း သင်သိအောင်လုပ်သင့်ပါတယ်။ သင်က လူတစ်ယောက်ကို ဘာကြည့်ပြီး ကြိုက်တာလဲ၊ ဘာတွေကို ကြိုက်တတ်လဲ စသဖြင့် သိထားသင့်ပါတယ်။

၂။ ကိုယ်ရှာနေတဲ့လူပုံစံကို သိထားပါ

စာရွက်တစ်ရွက်ယူကာ ညှိယူလို့ရတာ၊ မရတာ၊ လုံးဝအဆင်မပြေတာ ဆိုပြီးခေါင်းစဉ်သုံးခုတပ်လိုက်ပါ။ ဒီခေါင်းစဉ်တွေအောက်မှာ ကိုယ်လိုချင်တဲ့ လူပုံစံက ဘယ်လိုအကျင့်တွေဆို ညှိနှိုင်းနိုင်လဲ၊ ဘယ်ဟာဆို လုံးဝ အဆင်မပြေဘူးလဲ ရေးကြည့်သင့်ပါတယ်။

၃။ အမှန်တကယ်ဒိတ်ကြည့်ပါ

ဘာကို ကြိုက်တယ်မကြိုက်ဘူး ထိုင်ရွေးနေရုံနဲ့တော့ Right Person ကို ရှာမတွေ့နိုင်ပါဘူး။ ကိုယ့်ဆီကို အချိန်တန်ရင် ရောက်လာမှာ မှန်ပေမယ့် ကိုယ့်ဘက်ကလည်း နည်းနည်းလှုပ်ပေးသင့်ရင် လှုပ်ပေးရပါမယ်။

၄။ အခွင့်အရေးပေးပါ

လက်ရှိ Single ဖြစ်နေသူအများစုက ကိုယ်စိတ်ဝင်စားရာတွေကိုပဲ ဦးစားပေးတတ်သူများပါတယ်။ မှန်ကန်သူတွေ့ချင်ရင်တော့ ကိုယ့်ကိုလာကြိုက်တဲ့သူတွေအပေါ် အခွင့်အရေးပေးသင့်ပါတယ်။

၅။ သူတို့အတွက် ကိုယ်က မှန်ကန်တဲ့လူလားဆိုပြီး စဉ်းစားတာ ရပ်ပေးပါ

ငါက သူနဲ့ လိုက်ရဲ့လား၊ အဆင်ပြေပါ့မလား ဆိုတဲ့ မေးခွန်းနေရာမှာ သူက ငါနဲ့ သင့်တော်ရဲ့လားဆိုတဲ့ အရာကို အစားထိုး မေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar