မင်္ဂလာပါနော်။ ကိုယ့်မျက်နှာရဲ့ ပိုလှတဲ့ဘက်ခြမ်းကို အသားပေးပြီးရိုက်တာက ဓာတ်ပုံထဲမှာ ပိုပြီးကြည့်ကောင်းစေတာကို ပျိုမေတို့  ကြားဖူးကြမှာပါ။ ဒါပေမယ့် ဒီလိုရိုက်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ပိုလှတဲ့ မျက်နှာရှုထောင့်လေးကို သိထားဖို့တော့ လိုပါတယ်နော်။

ဒီတစ်ခေါက်မှာ ပျိုမေတို့ထဲက ကိုယ့်ရဲ့ ဓာတ်ပုံထဲ ပိုကြည့်ကောင်းမယ့် မျက်နှာ Side ကို သေချာခွဲတတ်ချင်တဲ့သူတွေအတွက် အကူအညီဖြစ်စေမယ့် ရွေးနည်းလေးကို မျှဝေပေးလိုက်ရပါတယ်။

ပထမဆုံး အစားစားတဲ့အခါ ဘယ်ဘက်နဲ့ပိုဝါးဖြစ်လဲ ပြန်တွေးပါ

Photo Source: eatthis.com

အစားအရမ်းမဝါးမိတဲ့ဘက်မှာရှိတဲ့ မျက်နှာကြွက်သားအချိုးအစားက ဓာတ်ပုံထဲမှာ ပိုသေးပြီးသွယ်သလို မြင်ရတတ်ပါတယ်။ ဒါကြောင့်မို့ အစားသိပ်မဝါးတဲ့ဘက်ကို အသားပေးပြီး ရိုက်တာမျိုး လုပ်ကြည့်ပါ။

စက္ကူနဲ့ အုပ်ပြီး ရိုက်တဲ့နည်းလေးလုပ်ကြည့်ပါ

Photo Source: bestofyou.gr

မျက်နှာတစ်ခြမ်းကို စက္ကူနဲ့ ညီညီလေးအုပ်ပြီး မျက်နှာအနီးကပ် Selfie ပုံရိုက်ကြည့်ပါ။ ဒီအတိုင်းပဲ တစ်ဖက်ကိုပါ ပြောင်းပြီး ရိုက်လိုက်ပါ။ ပုံကိုပြန်ယှဉ်ကြည့်လိုက်တဲ့အခါ မျက်လုံးနဲ့ နှုတ်ခမ်းအစွန်းပိုင်းတွေမှာ အပေါ်ပိုပင့်ပြီး မျက်နှာအစိတ်အပိုင်းတွေ ပိုထင်းသလိုမြင်ရတဲ့ ဘက်အခြမ်းက သင့်ရဲ့ပိုလှတဲ့ မျက်နှာ Side လို့ သတ်မှတ်လို့ရပါတယ်။

သိပ္ပံနည်းကျ သတ်မှတ်နိုင်တယ်

Photo Source: the-sun.com

အပေါ်ကနည်းတွေက သိပ်မသိသာဘူးဆိုရင် သိပ္ပံနည်းအရ ခွဲလိုက်တာမျိုးလည်းလုပ်နိုင်ပါတယ်။ ပညာရှင်တွေက လူတစ်ယောက်ဟာ များသောအားဖြင့် ဓာတ်ပုံထဲမှာဆိုရင် ဘယ်ဘက်ရှုထောင့်ကရိုက်တာက ညာဘက်ထက် ပိုပြီးကြည့်ကောင်းတတ်တယ်လို့လည်း တွေ့ရှိခဲ့ဖူးပါတယ်။

ဒီနည်းလေးတွေသုံးပြီး ဓာတ်ပုံထဲရုပ်ထွက်ပိုကောင်းတဲ့ ကိုယ့်ရဲ့မျက်နှာရှုထောင့်ကို သိသွားပြီဆိုရင်တော့ ပိုစိတ်တိုင်းကျတဲ့ဘက်ကို မျက်နှာလေးလှည့်ပြီး ကြိုက်သလို ရိုက်ရုံပါပဲနော်။

Source: preview.ph