လက်ရှိအောင်မြင်နေတဲ့ ကျော်ကြားသူတွေအားလုံးဟာ တစ်ချိန်က ကျရှုံးမှုတွေ နဲ့ မလွဲမသွေ ရင်းနှီးခဲ့ကြရဖူးပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် ကျရှုံးခြင်းတွေကနေ စပြီးနားလည်ထားဖို့လိုမှာပါ။

ဒီတစ်ခေါက်မှာတော့ ကျရှုံးမှုတွေကနေ ဘာတွေလေ့လာသင်ယူလို့ရနိုင်မလဲ ကျရှုံးခြင်းတွေကနေ အောင်မြင်မှုကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အမှားတွေကနေ လေ့လာပါ

အမှားတွေဟာ တကယ်တော့ ပြဿနာမဟုတ်ပါဘူး။ လူတိုင်းလည်း အမှားတွေလုပ်မိနိုင်ကြပါတယ်။ ဒါပေမယ့် အမှားတစ်ခုလုပ်မိရင် အဲ့ဒီအမှားတွေကနေ နာလည်းပြီး သင်ယူလေ့လာမှသာ ကောင်းမွန်တဲ့အမှန်ကို ပြင်ဆင်ကြရမှာပါ။ ဒါမှလည်း ထပ်ခါထပ်ခါ အမှားလုပ်မိတာမျိုးနည်းပြီး အမှန်ကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

(၂) ရှေ့ဆက်ရမယ့်အရာကို အာရုံစိုက်ပါ

အတိတ်မှာအမှားတွေလုပ်မိခဲ့မယ် ၊ ကျရှုံးမှုတွေရှိခဲ့တယ်ဆိုရင်တောင် အကောင်းဆုံး ပြင်ဆင်ပြီး ရှေ့ဆက်ရမယ့်အရာကို အာရုံစိုက်ဖို့လိုပါတယ်။ အောင်မြင်မှုဆိုတာ လက်လျော့အရှုံးပေးသွားသူတွေအတွက် မဟုတ်ဘူးဆိုတာ နားလည်ထားပါ။ အတိတ်ကအမှားတွေကို အကောင်းဆုံး သင်ခန်းစာယူပြီး ရှေ့ဆက်အကောင်းဆုံးလုပ်ဆောင်ဖို့က အဓိကကျပါတယ်။

(၃) ကျရှုံးမှာမကြောက်ပါနဲ့

အောင်မြင်ခြင်းအတွက် အကြီးဆုံးရန်သူဟာ ကျရှုံးမှာကို ကြောက်တဲ့စိတ်ပါပဲ။ အကြောက်တရားတွေက ကြီးစိုးထားရင် အောင်မြင်မှုရဲ့အသီးအပွင့် ခံစားရနိုင်မှာမဟုတ်ပါဘူး။ ကြောက်ရွံစိတ်ဟာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို ယိုင်နဲ့စေပြီး ကျရှုံးခြင်းတွေကိုပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျရှုံးမှာမကြောက်ပါနဲ့။ ကျရှုံးမှုတွေကြုံလာခဲ့ရင်လည်း အကောင်းဆုံးပြန်လည် ရုန်းထလိုက်ပါ။