ကိုယ့်ပျော်ရွှင်မှုဆိုတာ တခြားသူတွေအပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်၊ ကိုယ့်ခံယူချက်နဲ့ ကိုယ့်စိတ်ထားရှိမှုအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်လုပ်ယူနိုင်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဘာမှမဟုတ်တဲ့အရာလေးတွေလို့ သင်ထင်ထားတွေက သင့်အတွက် စိတ်ပျော်ရွှင်မှုကို ပေးနိုင်မှာပါ။

အမြဲတမ်းပြုံးနေပါ

အရာရာကို တတ်နိုင်သလောက် အကောင်းဘက်ကနေတွေးပြီး အမြဲတမ်းစိတ်ကြည်ကြည်လင်လင်ထားပါ။ ကိစ္စတစ်ခုကို ခေါင်းထဲအကြာကြီးထည့်ပြီး တွေးနေတာမျိုး၊ အတွေးတွေလွန်ပြီး စိတ်ညစ်နေတာမျိုး မဖြစ်ပါစေနဲ့။

ကူညီပါ

ကိုယ့်ထက်နှိမ့်ပါးတဲ့သူတွေကို အမြဲကူညီပြီး ပေးကမ်းတာမျိုးလုပ်ပါ။ ကိုယ်လုပ်ပေးလိုက်တဲ့အရာကြောင့် သူတစ်ပါးပျော်ရွှင်သွားတာကိုမြင်ရရင် ကိုယ်လည်း ပျော်ရွှင်ရတယ်၊ စိတ်ချမ်းသာရပါတယ်။

ခွင့်လွှတ်ပါ

ခွင့်လွှတ်ပေးနိုင်လောက်တဲ့ ကိစ္စတွေဆိုရင် အကြာကြီးစိတ်ညစ်မခံပါနဲ့။ ခွင့်မလွှတ်နိုင်ရင် ကိုယ်လည်း စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် ကိုယ်လည်း စိတ်ပေါ့ပါးပြီး ပျော်ရွှင်နိုင်ဖို့ ခွင့်လွှတ်ပေးလိုက်ပါ။

ကိုယ့်စိတ်ပျော်စေတဲ့အရာလေးတွေလုပ်ပါ

ဥပမာ စာဖတ်ရတာက သင့်စိတ်ကို ပျော်ရွှင်စေတယ်ဆိုရင် စာများများဖတ်ပါ။ ဒီလိုပဲ ကိုယ့်စိတ်ပျော်ရွှင်စေတဲ့ အရာလေးတွေကို ကိုယ်တိုင်ရှာဖွေပြီး လုပ်ပါ။

စိတ်ခွန်အားဖြစ်စေတဲ့အရာတွေကိုရှာဖွေပါ

စိတ်ခွန်အားဖြစ်စေတဲ့၊ စိတ်ဓာတ်မြင့်တင်ပေးတဲ့ motivation နဲ့ပတ်သက်တာလေးတွေကို များများဖတ်ပါ။ ရှာဖွေပြီး နားထောင်ပါ။ အားတက်စေသလို စိတ်လည်း ပျော်ရွှင်စေပါတယ်။

မိသားစု၊ သူငယ်ချင်းနဲ့ရင်းရင်းနှီးနှီးနေပါ

မိသားစုနဲ့ ရင်းရင်းနှီးနှီးနေပြီး ပျော်ရွှင်စရာအချိန်တွေ ကုန်ဆုံးပါ။ ကိုယ့်အနားမှာရှိတဲ့့ သူငယ်ချင်းကောင်းတွေနဲ့ အမြဲတမ်းတွေ့ပြီး ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းပါ။

Photo Source: www.freepik.com