ဓာတ်ပုံလှလှလေးတွေ ပိုင်ဆိုင်ထားတဲ့ ပျိုမေတွေကို သင်အားကျဖူးလား။ ဘယ်အရာပဲ ဖြစ်ဖြစ် လုပ်လေ့ အကျင့်ရှိလာရင် ကျွမ်းကျင်လာတတ်ပါတယ်။ သင်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကင်မရာ ရှေ့ တည်တည်ငြိမ်ငြိမ် ပို့စ်ပေးတတ်ချင်ရင်တော့ လေ့ကျင့်မှုနဲ့ အတူ တခြား ဓာတ်ပုံရိုက်တတ်သူတွေရဲ့ အကြံပေးချက်တွေကို နားထောင်သင့်ပါတယ်။ ဒီတော့ ကင်မရာရှေ့ ယုံကြည်မှု ပိုရှိလာစေမယ့် အကြံပြုချက်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ သက်တောင့်သက်သာဖြစ်တဲ့ ဝတ်စုံ

ကင်မရာ ရှေ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာဖို့ ကိုယ်ဝတ်တဲ့ အဝတ်အစားကလည်း အဓိက စကားပြောပါတယ်။ သက်တောင့်သက်သာ ဖြစ်စေတဲ့ ဝတ်စုံက သင့်ကို ပေါ့ပါးသွက်လက်စေပြီး ကင်မရာရှေ့ အူကြောင်ကြောင် ဖြစ်တာ လျော့စေပါတယ်။

၂။ လက်မှာ

သင့်လက်ကို အားမနေအောင် ပစ္စည်း တစ်မျိုးမျိုး ကိုင်ထားသင့်ပါတယ်။ လက်မှာ အအေးဘူး ကိုင်ထားတာ၊ ဒါမှမဟုတ် မျက်မှန်ကိုင်ထားတာ၊ အိတ်ကိုင်ထားတာ ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုဆို လက်ကို ဘယ်နား ထားရမလဲ မသိတာမျိုး မဖြစ်တော့ပါဘူး။

၃။ မှန်ရှေ့မှာ လေ့ကျင့်ပါ

ဓာတ်ပုံရိုက်တဲ့အချိန် ယုံကြည်မှု ပိုရှိလာဖို့ ပွဲမဝင်ခင် ပြင်က အရင်ကျင်းပ သင့်ပါတယ်။ မှန်ရှေ့မှာ ဘယ်လိုနေရင် လှလဲ လေ့ကျင့်ထားတာက သင့်ကို ပိုပြီး သက်တောင့်သက်သာ ဖြစ်စေမှာပါ။

၄။ လက်အနေအထား

သင့်လက်ကို ခန္ဓာကိုယ်ဘေး ချထားတာမျိုး မလုပ်သင့်ပါဘူး။ လက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားတာ ဒါမှမဟုတ် ရှေ့မှာ စုပြီး ပြေပြေလေး ကိုင်ထားတာမျိုး နေသင့်ပါတယ်။

၅။ မှန်ကန်တဲ့ ကိုယ်နေဟန်ထား

ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း ပခုံးကို အသားပေးပြီး ပို့စ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar