သင်က နေ့ရက်တွေကို စိတ်အတက်အကျ ခဏခဏ ဖြစ်ပြီး ဖြတ်သန်းတတ်သူလား။ အမြဲ ကိုယ့်ကိုကိုယ်အပြစ်တင်နေတတ်ပြီး နေ့ရက်အများစုကို စိတ်ဓာတ်ကျစွာ ကျော်ဖြတ်နေရရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သင်က ခဏခဏ စိတ်ညစ်တတ်သူ ဒါမှမဟုတ် သင့်ဆွေမျိုး သူငယ်ချင်းတွေထဲမှာ စိတ်ညစ်လွယ်သူပါရင် သူတို့သိဖို့ ဘာတွေပြုလုပ်နိုင်လဲ ကြည့်လိုက်ရအောင်နော်-

၁။ အဆိုးမြင်စိတ်ကို လျှော့ချပါ

လူတစ်ယောက်က သင့်ကို အပျက်သဘော မှတ်ချက်ပေးလိုက်တာနဲ့ သင်က ဒီအကြောင်းကိုပဲ တစ်နေ့ လုံးတွေးပြီးစိတ်ညစ်နေတတ်ရင် ဒီစိတ်ကို လျှော့သင့်ပါတယ်။ ဘယ်သူဘာပြောပြော ကိုယ့်အတွက် အသုံးဝင်တဲ့ မှတ်ချက်ဆိုရင် မှတ်ထားပြီး မေ့သင့်တာမျိုးဆို ခေါင်းထဲက ထုတ်လိုက်သင့်ပါတယ်။

၂။ ကိုယ့်ဘေးပတ်ပတ်လည်ကို ကြည့်ပါ

အခုခေတ်က အပြိုင်အဆိုင်တွေ ပေါလာတဲ့ခေတ်ပါ။ သင်က သင့်ထက်သာတဲ့သူတွေနဲ့ အမြဲနှိုင်းယှဉ်နေရင်တော့သင်ပဲ စိတ်ညစ်နေရပါလိမ့်မယ်။ နှိုင်းယှဉ်တာတွေ ရပ်ပြီး ကိုယ့်အခြေအနေ တိုးတက်ဖို့ ဘာလုပ်နိုင်မလဲ စဉ်းစားသင့်ပါတယ်။ အဆိုးတွေထဲက ကောင်းတာလေးတွေ ရွေးမြင်သင့်ပါတယ်။ သင့်ဘေးပတ်လည်ကို ကြည့်လိုက်ရင်သင့်လိုလူတွေ၊ သင့်ထက် အခြေအနေဆိုးသူတွေ ရှိပါတယ်။

၄။ ပန်းတိုင်တွေချမှတ်ပါ

ဘဝမှာ အရင်ကထက် နေပျော်ဖို့ ရေတို ရေရှည်ပန်းတိုင်တွေ ထားသင့်ပါတယ်။ အလုပ်တာဝန်တစ်ခု ပြီးမြောက်တဲ့အခါ ရလိုက်တဲ့ ပီတိက သင့်ကို နဂိုကထက် ပိုပျော်ရွှင်စေမှာပါ။

၅။ ကောင်းတာ တခုခုလုပ်ပါ

သင်စိတ်ဓာတ်ကျလာပြီဆိုတာနဲ့ ဒါကို မတွေးဘဲ အာရုံပြောင်းကြည့်ပါ။ ဘယ်လိုအာရုံပြောင်းရမလဲဆိုတော့တခြားသူတွေကို ကူညီပေးပြီး ပြောင်းရမှာပါ။ ကိုယ်လုပ်နိုင်တာလေးတစ်ခုလော​က် လုပ်ပေးတာနဲ့တင် သင်စိတ်ချမ်းသာမှာပါ။

၆။ သင့်ကိုယ်သင်နဲ့ သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ

တစ်ခါတလေ ကျွန်မတို့က အလုပ်များပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ရေချိုးတာ၊အဝတ်အစားလဲတာ စတာတွေက သာမန်ကိစ္စတွေပါ။ ဒါတွေထက် ပိုပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်ပါတယ်။စိတ်ညစ်လာတိုင်း ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်ကို လေးစားပြီးကျန်းမာအောင် နေသင့်ပါတယ်။

၇။ လက်ရှိအချိန်မှာ နေထိုင်ပါ

ကျွန်မတို့ အများစုက လှပတဲ့ ခန္ဓာကိုယ်၊ မပူပင်ရတဲ့ ဘဝမျိုးကို စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒါက လက်ရှိအချိန်မှာ နေတာ မဟုတ်ပါဘူး​။ လက်ရှိကာလမှာ ဖြစ်ပျက်နေတဲ့ ကောင်းမွန်တဲ့ အရာတွေကို သင်အာရုံမစိုက်ရင်ဆုံးရှုံးမှုဖြစ်စေပါလိမ့်မယ်။

၈။ လက်လွှတ်ပါ

သင့်ဘဝ နေပျော်ဖို့ သင့်အပေါ် မကောင်းတဲ့လူ၊ သင့်အတွက် အဆိပ်အတောက် ဖြစ်စေသူတွေကို လက်လွှတ်သင့်ပါတယ်​။

ဘဝက အချိန်တိုင်း ပျော်စရာတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ပေမယ့် သင့်ကိုယ်သင် ကျေနပ်မှု၊ ပျော်ရွှင်မှုတို့ကိုရွေးချယ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar