လူအများစုက သင့်မှာ အိပ်မပျော်တဲ့ရောဂါ စွဲကပ်နေပါက တရားထိုင်ဖို့ပဲဖြစ်ဖြစ် ဒိုင်ယာရီ ရေးဖို့ပဲဖြစ်ဖြစ် အကြံပေး တိုက်တွန်းကြပါလိမ့်မယ်။ ဒါပေမဲ့ ထိုနည်းလမ်းတွေက ညသန်းခေါင်အချိန်မှာ လန့်နိုးလာခဲ့သူတွေအတွက် အသုံးမတည့်ပါဘူး။ ထိုသူများအတွက် အသုံးတည့်မည့်နည်းလမ်းများကတော့ လက်တွေ့ဆန်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဘယ်လိုနည်းလမ်းတွေက ညသန်းခေါင် လန့်နိုးလာသူများအတွက် အသုံးတည့်မလဲ။

ခြေထောက်လေ့ကျင့်ခန်း ပြုလုပ်ပါ

ရုတ်တရက်လန့်နိုးလာပြီး ပြန်အိပ်လို့မပျော်တော့တဲ့အချိန်မှာ ဒီလေ့ကျင့်ခန်းက အသုံးတည့်ပါ။ ခြေချောင်းထိပ်များကို အရှေ့သို့ကော့ညွှတ်လိုက်၊ အနောက်သို့ ပြန်လှန်လိုက်ဖြင့် ၁၀ စက္ကန့်စီ ပြုလုပ်ပေးလိုက်ပါ။ ခန္ဓာကိုယ်ရှိ အကြောအချဉ်များ ပြေစေပြီး ပြန်လည်အိပ်မောကျသွားပါလိမ့်မယ်။

သင့် အိမ်မွေးတိရိစ္ဆာန်များကို သင့်အိပ်ရာပေါ်မှာ မသိပ်ပါနဲ့

အိမ်မွေးတိရိစ္ဆာန်များနဲ့ အတူအိပ်ခြင်းက ကောင်းကျိုးလည်း ရရှိနိုင်သလို ဆိုးကျိုးလည်း ရရှိနိုင်ပါတယ်။ ကောင်းကျိုးကတော့ သူတို့လေးတွေက သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ချပေးပြီး ဆိုးကျိုးကတော့ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ သင့်အိမ်မွေးတိရိစ္ဆာန်ကြောင့် အိပ်ရေးပျက်နေရတယ်လို့ ခံစားရရင် သူတို့ကို အခြားနေရာမှာ အိပ်တတ်အောင် လေ့ကျင့်ပေးလိုက်ပါ။

ဖုန်းကြည့်မယ့်အစား စာအုပ်ဖတ်လိုက်ပါ

ပြန်လည်အိပ်မောကျစေဖို့အတွက် Melatonin လို့ခေါ်တဲ့ ဟော်မုန်းဓာတ် လိုအပ်ပါတယ်။ သန်းခေါင်ယံအချိန်မှာ လန့်နိုးလာခြင်းက သင့်ခန္ဓာကိုယ်ထဲမှာ Melatonin ဓာတ်များ ကုန်ခမ်းသွားလို့ပဲဖြစ်ပါတယ်။ ဖုန်းသုံးလိုက်ခြင်းအားဖြင့် သင့်မျက်စိ ပိုကျယ်လာစေမှာဖြစ်တာကြောင့် ဖုန်းသုံးမယ့်အစား စာအုပ်တစ်အုပ် ကောက်ဖတ်လိုက်ပါ။ တဖြည်းဖြည်းနဲ့ အိပ်ငိုက်လာတာကို ခံစားရပါလိမ့်မယ်။

ရေချိုးပါ

ဆရာဝန်များက အိပ်ရာမဝင်ခင် တစ်နာရီခန့်အလိုမှာ ရေချိုးဖို့ အကြံပြုထားကြပါတယ်။ လျင်မြန်စွာ အိပ်မောကျသွားဖို့အတွက် ခန္ဓာကိုယ်အပူချိန်က ကျသွားပြီး အေးနေဖို့ လိုအပ်ပါတယ်။ သန်းခေါင်ယံအချိန်မှာ နိုးထာလာခြင်းက ခန္ဓာကိုယ်ပူအိုက်လွန်းခြင်းကြောင့်ဖြစ်ပြီး ကြက်သီးနွေးရေနွေး (သို့) ရေအေးအေးဖြင့် ရေချိုးပေးလိုက်တဲ့အခါ စိတ်လည်း ကြည်လင်သွားပြီး ပြန်လည်အိပ်စက်နိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။

လာဗန်ဒါရနံ့လေး ရှူရှိုက်ပါ (သို့) လာဗန်ဒါရေနွေးကြမ်း သောက်သုံးပါ

လာဗန်ဒါပန်းက အိပ်မပျော်ရောဂါအတွက် ကုသပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ လာဗန်ဒါဆီ ၆ စက်မှ ၈ စက်ခန့်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျအောင် ကူညီပေးတယ်လို့ သိရပါတယ်။ တကယ်လို့သင့်မှာ လာဗန်ဒါအဆီ မရှိလည်း ရပါတယ်။ လာဗန်ဒါအမွှေးရနံ့ ရှူရှိုက်ခြင်း (သို့) လာဗန်ဒါရေနွေးကြမ်း သောက်သုံးပေးလို့လည်း ရပါတယ်။ လာဗန်ဒါ ရေနွေးကြမ်း သောက်သုံးပြီးသွာတးဲ့အခါ သင့်ရဲ့နှလုံးခုန်နှုန်းက နှေးသွားပြီး အိပ်မောကျသွားပါလိမ့်မယ်။

Source: Brightside.me