အားလုံးပဲ မင်္ဂလာပါ၊ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားတဲ့သူတွေကို လူတိုင်းအားကျမိကြမှာပဲနော်။ အဲ့ဒီလိုချက်ချင်းအိပ်ပျော်ဖို့အတွက် နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် ညဘက်မှာ ဇီးကွက်ကြီးတွေလိုဖြစ်စရာမလိုတော့ဘဲ ချက်ချင်းအိပ်ပျော်စေမှာပါ။

အဆင့် ၁

မျက်နှာကြွက်သား၊ လည်ပင်းကြွက်သား၊ မေးရိုးနဲ့ မျက်လုံးနားတစ်ဝိုက်က ကြွက်သားတွေအကုန်လုံးကို ဖြေလျော့ထားပါ။

အဆင့် ၂

ပုခုံးကို နိမ့်နိုင်သမျှ နိမ့်ထားပေးပြီး လက်မောင်းအကြောတွေကိုလည်း ဖြေလျော့ထားကာ မိမိလက်ကို ဘေးတစ်ဖက်တစ်ချက်ဆီမှာ ချထားလိုက်ပါ။

အဆင့် ၃

အသက်ရှူထုတ်လိုက်ပြီး ရင်ခေါင်းကိုလည်း ဖြေလျော့ထားပါ။ ပေါင်နဲ့ ခြေသလုံးက အကြောတွေကိုလည်း ဖြေလျော့ထားလိုက်ပါ။

အဆင့် ၄

အဆင့် ၃ အထိကို သင်လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်သွားတဲ့အခါမှာ အဆင့် ၄ ကတော့ သင့်စိတ်ကို ဘာမှမတွေးခိုင်းဘဲ အတွေးတွေကိုရှင်းရှင်းလင်းလင်းထားပေးရမှာပါ။ Lloyd Bud Winter လို့ ခေါ်တဲ့ စာရေးဆရာက သင့်ကိုစိုးရိမ်ပူပန်စေပြီး စိတ်ဖိစီးမှုပေးနေတဲ့ အတွေးများကို ဖယ်ရှားပေးကာ သင့်ရဲ့အိပ်စက်ခြင်းကို ကူညီပေးမယ့် ပုံရိပ်သုံးခုကို ဖော်ပြထားပါတယ်။ သင်လုပ်ရမယ့်အရာကတော့ သင့်အတွေးထဲမှာ အဲ့ဒီပုံရိပ်တွေကို ပုံဖော်လိုက်ဖို့ပါပဲ။

ပုံရိပ် ၁

လှိုင်း၊ လေတွေ ငြိမ်နေတဲ့ ကန်ရေပြင်ထက်မှာ လှေငယ်လေးတစ်စင်းရှိတယ်လို့ ပုံဖော်ကြည့်ပါ။ အဲ့ဒီလှေငယ်လေးထဲမှာ သင်ကလှဲလျောင်းအနားယူနေပြီး ကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကလွဲရင် သင့်အနားမှာ ဘာမှမရှိတဲ့ ပုံရိပ်လေးကို စိတ်ကူးပုံဖော်ကြည့်လိုက်ပါ။

ပုံရိပ် ၂

သန့်ရှင်းသပ်ရပ်တဲ့ အခန်းထဲမှာ အမဲရောင်ကတ္တီပါအဝတ်စနဲ့ ပြုလုပ်ထားတဲ့ ပုခက်ပေါ်မှာ ဇိမ်ကျနေတယ်လို့ ပုံဖော်ကြည့်လိုက်ပါ။

ပုံရိပ် ၃

ဆယ်စက္ကန့်ခန့် ဘာမှမတွေးနဲ့ ဘာမှမစဉ်းစားနဲ့ဆိုပြီး ကြိမ်ဖန်များစွာ ရေရွတ်ကြည့်လိုက်ပါ။ အိပ်စက်ခြင်းမှာ ပြဿနာရှိတဲ့သူများက အချိန်ကြာလာတဲ့အခါ အာရုံကြောစနစ်ကိုထိခိုက်လာနိုင်ပါတယ်။ ကျန်းမာရေးဆိုးကျိုးတွေအနေနဲ့ ကိုယ်ခံအားနည်းလာခြင်း၊ မှတ်ဉာဏ်အားလျော့နည်းလာခြင်း၊ သွေးပေါင်ချိန်တက်လာခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း စသည်တို့ပဲဖြစ်ပါတယ်။ အခုဖော်ပြပေးသွားတဲ့နည်းလမ်းလေးတွေက သင့်ကိုလျင်လျင်မြန်မြန်အိပ်မောကျဖို့နဲ့ နှစ်ခြိုက်စွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Source: Brightside.me