မင်္ဂလာပါ… ပျိုမဒီတို့ရေ… အသားအရေက မွဲခြောက်နေလို့ စိတ်ညစ်နေလား ? တောက်ပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်ရင် ဈေးသက်သာပြီး အလွယ်တကူဝယ်လို့ရတဲ့ Baking Soda ကို သုံးကြည့်ပါ။ .. Baking Soda က စျေးသက်သာပေမယ့် သဘာဝအတိုင်း အသားအရေကို ဖြူစင်စေနိုင်တဲ့အပြင် အသားအရေတိုင်းအတွက် အသုံးပြုလို့ရပါတယ်။ တစ်ခုသတိထားရမှာက အလွန်အကျွံသုံးမိရင်တော့ မျက်နှာယားတာ ၊ နီတာ ၊ ပျက်စီးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

Body Scrub

ပန်းကန်လုံးထဲမှာ Baking Soda ၊ ရေ ၊ အုန်းဆီ (သို့) သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းစာ ထည့်ပြီး သမအောင် မွှေပါ။ ရေချိုးခန်းထဲမှာ ရေစိုနေတဲ့ အရေပြားပေါ် လိမ်းပြီး ၃-၅ မိနစ်လောက် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ သေချာဆေးကြောပြီး မျက်နှာသုတ်ပုဝါနဲ့ ခြောက်အောင်သုတ်ပါ။ ဆဲလ်သေများကို ဖယ်ရှားပေးပြီး သင့်အသားအရေကို နူးညံ့ချောမွေ့စေမှာ အသေချာပါ။

Facial Scrub

Baking Soda ၁ ဇွန်း ၊ ရေ 2 ဇွန်း ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေလိုက်ပါ။ လက်ချောင်းလေးတွေကိုသုံးပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံလိမ်းပေးပါ။ မျက်လုံး၊ ပါးစပ်၊ နှာခေါင်း အစရှိတဲ့ ထိလွယ်ရှလွယ်နေရာတွေကို ရှောင်ပါ။ Scrub ကို တစ်မိနစ်ခန့် နှိပ်နယ်ပြီး ကြက်သီးနွေးရေနဲ့ ဆေးချပါ။ သန့်ရှင်းတဲ့မျက်နှာသုတ်ပုဝါနဲ့ ခြောက်အောင်သုတ်ပြီး နှစ်သက်ရာ Moisturizer ကို လိမ်းပေးပါ။

Baking Soda And Lemon Juice Scrub

ပန်းကန်သေးသေးတစ်လုံးထဲမှာ Baking Soda နဲ့ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရာရည် ၊ ရေနည်းနည်းတို့ကို ရောမွှေလိုက်ပါ။ မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံလိမ်းပေးပါ။ 5-10 မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ရေဓာတ်ပြည့်စေဖို့ Moisturizer ကို လိမ်းပေးပါ။