ဆံပင်တွေကျွတ်လို့ ခေါင်းလျှော်ရည်တွေ hair oil တွေ ဘယ်လိုဘဲပြောင်းသုံးသုံး ဈေးကြီးတဲ့ Hair Treatment တွေ ဘယ်လောက်ဘဲလုပ်လုပ် မသက်သာဘူးဖြစ်နေရင် ဦးရေပြားကို Exfoliation လုပ်ကြည့်ပါ။ အခုပြောပြမယ့် နည်းလမ်းတွေက DIY နည်းလမ်းတွေက ပိုက်ဆံလည်း အများကြီးမကုန်သလို ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူး။

Rose Water, Vitamin E Capsule, Milk ဒါမှမဟုတ် ရေတို့ကိုရောပြီး ဦးရေပြားကိုလိမ်းပေးပါ။ လိမ်းပြီး ၄၅ မိနစ်လောက်ထားပေးပါ။ ပြီးမှ ကျက်သီးနွေးရေနဲ့ ဆေးပေးပါ။

ကော်ဖီကို ဦးရေပြားလိမ်းပေးရင် ဆံသားကို တောက်ပြောင်ပြီး ပျော့ပျောင်းစေသလို အုန်းဆီနဲ့ရောပြီး DIY Hair Scrub အနေနဲ့လည်း သုံးလို့ရပါတယ်။ ကောဖီနဲ့ အုန်းဆီကိုရောပြီး ဦးရေပြားပေါ် ၅ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ပုံမှန်ရေနဲ့ ဆေးချလိုက်ပါ။

နံ့သာစေ့ လက်တစ်ဆုပ်စာကို ရေတစ်ခွက်ထဲမှာ တစ်ညစိမ်ထားပြီး မနက်ကျ သမအောင်မွှေပေးပါ။ ဦးရေပြားခြောက်ရင် ဗာဒံဆီထည့်လို့ရပါတယ်။ သမအောင်နယ်ထားတာကို ဦးရေပြားကိုလိမ်းပြီး နှိပ်ပေးပါ။ ၅ မိနစ်လောက် နှိပ်နယ်ပြီး မိနစ် ၃၀ လောက်ထားလိုက်ပါ။ ဆံပင်ကို ခေါင်းလျှော်ပြီး သုံးနေကျ Hair Serum လိမ်းပါ။

သကြားညိုက ဦးရေပြားက ဆ်လ်အသေတွေနဲ့ အဖုအပိန့်တွေကို ဖယ်ပေးနိုင်တဲ့အပြင် ဆံပင်ကို နူးညံ့တောက်ပြောင်စေတာကြောင့် သုံးနေကျ Hair Conditioner ထဲ သကြားညိုနည်းနည်းထည့်ပြီး ဦးရေပြားကို ဖြည်းဖြည်းချင်း ပွတ်ပေးပါ။

ကြက်ဥတစ်လုံး သို့မဟုတ် နှစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲမှာ Hair Oil တစ်ခုခုထည့်ပြီးမွှေပေးပါ။ ဒါကို လိမ်းပြီး ၅ မိနစ်လောက် နှိပ်နယ်ပြီး ခြောက်အောင်ထားပါ။ မာပြီး ခြောက်သွားတဲ့အခါ ကြက်သီးနွေးရေနဲ့ ဆေးပေးပါ။

ဌက်ပျောသီး ၁ လုံး (သို့) တစ်ဝက်ကို ကြိတ်ချေပြီး နွားနို့နဲ့ ပျားရည်ထည့်လိုက်ပါ။ ဆံပင်အဆီပြန်တတ်ရင် သကြားညိုထည့်ပေးပါ။ အားလုံးရောမွှေပြီး ဆံပင်ကိုလိမ်းပြီးရင် ၁ နာရီလောက်ထားပေးပါ။ ငှက်ပျောသီးက ဆံပင်ကို အစိုဓာတ်ထိန်းပေးမှာဖြစ်ပြီး နွားနို့နဲ့ ပျားရည်က ဆံသားကို တောက်ပြောင်စေပါတယ်။