Friend Zone ထဲတစ်ခါရောက်ပြီးတာနဲ့ ထွက်လို့မရတော့ဘူးဆိုပြီး ယုံကြည်ချက်ကင်းမဲ့နေပါသလား။ အမြဲတမ်း အချစ်ဆုံးသူငယ်ချင်းအနေနဲ့ပဲ ရှိနေရတော့မယ်လို့ ထင်တယ်ပေါ့။

လုပ်ရမှာကတစ်ခုတည်းပါ။ အိပ်ပျော်နေတဲ့သူကို နိုးအောင်နှိုးပြီး သူမြတ်နိုးတန်ဖိုးထားသင့်တဲ့ မိန်းကလေးကကိုယ်တစ်ယောက်တည်းရှိတယ်ဆိုတာကို သူသိအောင်ပြဖို့ပါပဲ။

၁။ Friend Zone ထဲရောက်နေရတဲ့ ကောင်းကျိုး

လျှို့ဝှက်ချက်ကလေ။ သင်ကသူနဲ့သူငယ်ချင်းဖြစ်ပြီးသားမို့ သူသဘောကျတဲ့မိန်းကလေးထဲ သင်ပါပြီးသားပါ။ သင်နဲ့လည်း နီးစပ်ပြီးသား၊ သူ့အခက်အခဲတွေကိုလည်း မျှဝေဖူးပြီသားပေါ့နော်။

ဆိုတော့ ယောကျာ်းလေးတွေသူတို့စိတ်ထဲမှာတွေးနေတာက သင်ကဂရုစိုက်တတ်တယ်။ နှစ်လိုဖွယ်ကောင်းတယ်။ သူ့အခက်အခဲတွေကိုလည်း ကူပြီးဖြေရှင်းပေးတယ်။ ဒီလိုဆို ငါသူနဲ့ဘာလို့မတွဲနိုင်ရမှာလဲ။

ယောကျာ်းလေးတွေက ဒီလိုတွေးပါတယ်။

၂။ Friend Zone ကထွက်နိုင်ပါ့မလား

အမျိုးသမီးတွေအတွက် Friend Zone ထဲကနေထွက်ရတာက အမျိုးသားတွေအတွက် ပိုလွယ်ပါတယ်။ စဉ်းစားကြည့်ရအောင်။ သင့်လိုမျိုးသူ့အကြောင်းကို ကောင်းကောင်းသိတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ့အကြောင်းကိုဘာမှမသိသေးတဲ့ သူစိမ်းမိန်းကလေးတစ်ယောက်ဆို ဘယ်သူကအဲဒီယောကျာ်းရဲ့ နှလုံးသားကိုရဖို့ ပိုလွယ်ကူနိုင်ပါသလဲ။

အခု Friend Zone ထဲမှာရှိနေရတဲ့ ကောင်းကျိုးတွေကိုသိပြီဆိုတော့ သူ့ကောင်မလေးဖြစ်လာဖို့အတွက် ကြိုးစားကြည့်ကြရအောင်။

၃။ လွယ်လွယ်မရနိုင်တော့ဘူး

အရင်တုန်းက သူငယ်ချင်းဖြစ်လို့ လွယ်လွယ်ကူကူနားထောင်ပေးနိုင်ပေမဲ့၊ အပြင်သွားမယ်ဆိုတိုင်း အဆင်သင့်ဖြစ်နေပေးနိုင်ပေမဲ့ အခုမရတော့ပါဘူး။ အထာကိုင်ရပါတော့မယ်။ သင်ဘာလုပ်နေလဲ။ ဘာလို့မအားတော့တာလဲ။ ဘယ်သူနဲ့သွားနေလို့ ငါ့ကိုအချိန်မပေးနိုင်တော့တာလဲစသဖြင့် ပေးတွေးလိုက်ပါ။ သူ့မှာလည်း သင့်ကိုသတိရဖို့အချိန်ဆိုတာ ရှိရဦးမှာပေါ့။

၄။ အလျင်မလိုပါနဲ့

ဒီတစ်ခါ အပြင်သွားဖို့ဖုန်းခေါ်ရင် မအားဘူးလို့သာပြောလိုက်ပါ။ တကယ်လည်း မအားအောင်လို့ အလုပ်တွေရှပ်ပစ်လိုက်ပါ။ Message ပို့ပြီးမေးတဲ့အခါမျိုးကျရင်လည်း ချက်ချင်းမဖြေပါနဲ့။ ဖြည်းဖြည်းလေးနဲ့ မှန်မှန်းလေးပဲသွားပြီး သတိရနေအောင် ညှင်းဆဲထားလိုက်ပါဦး။

၅။ မပွင့်လင်းပါနဲ့တော့

သဲလွန်စလေးပဲပေးပါ။ ဒါက Relationship တွေမှာ အရမ်းအရေးကြီးတဲ့ လှည့်ကွက်တစ်မျိုးပါ။ သင်ဘာလုပ်နေလဲ။ သင်ဘယ်သူနဲ့အတူရှိနေလဲ ပေးတွေးထားလိုက်ပါ။ သင်ဘယ်သူနဲ့အတူရှိခဲ့ပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာကို အသေးစိတ်ရှင်းပြနေစရာမလိုတော့ပါဘူး။ မနေ့ညကဘယ်တွေသွားပြီး ဘာလုပ်ခဲ့လဲမေးရင်လည်း အကြမ်းဖျင်းလောက်ပဲ ပြောပြပါ။ ကျန်တာသူ့ဘာသာစဉ်းစားပါစေ။ ကိုယ့်မှာလည်း ကိုယ်ပိုင်ဘဝရှိတယ်ဆိုတာ သူသိဖို့လိုပါမယ်။

၆။ ကြူပါ

မကြောက်ပါနဲ့။ သင်တို့နှစ်ယောက်က အစတည်းကရင်းနှီးပြီးသားမို့ စသလိုနောက်သလိုနဲ့ အထာပေးလို့ရပါတယ်။ မတော်တဆထိမိတာတွေ၊ သူစကားပြောနေတုန်း မျက်ဝန်းချင်းဆုံပြီး ဂရုတစိုက်နားထောင်ပေးတာတွေ၊ ပခုံချင်းဖက်ပြီး ပြုံးပြတာတွေ၊ Message ကနေတစ်ဆင့် မသိမသာလေးကြူပေးတာတွေကို လုပ်လို့ရပါပြီ။

တခြားယောကျာ်းလေးတွေနဲ့ အတူူတူရှိနေတဲ့အခါမျိုးမှာတော့ သူ့ကိုပိုအလေးပေးပြီး စကားပြောပေးပါ။ သူနဲ့နေရတာပျော်ကြောင်းပြပေးပါ။ တခြားကောင်လေးတွေနဲ့ မကြူပါနဲ့။

၇။ နောက်ဆုံးအဆင့်

အပေါ်ကအဆင့်တွေအားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ သင် Friend Zone အပြင်ဘက်ကို (၈၀%) လောက်ရောက်သွားပြီလို့ အာမခံပါတယ်။ အခွင့်အရေးက သင့်လက်ထဲမှာရောက်နေပါပြီ။ သူကလည်း သင်သူ့အပေါ်ကို သူငယ်ချင်းထက်ပိုကြောင်း သိနေပါပြီ။

သင့်ရဲ့တန်ဖိုးနဲ့ သင်မရှိတဲ့အချိန်တွေမှာ သင့်ကိုဘယ်လောက်သတိရကြောင်း၊ လွမ်းနေရကြောင်း၊ မြင်ချင်နေရကြောင်း သူ့ကိုယ်သူလည်း သိနေပါပြီ။

ဒါကသင့်ကိုသူလုံးဝကြွေနေပြီလို့ ပြောတာမဟုတ်ဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် Friend Zone ထဲကထွက်နည်းကို ပြောပြပြီးပြီးမို့ အခြေအနေအရိပ်အကဲလေးကြည့်ပြီ ဆက်လှုပ်ရှားပါ။

ဘယ်လိုဆက်လှုပ်ရှားရမလဲဆိုတာသိချင်ရင်တော့ နောက်ဆောင်းပါးလေးမှာ ထပ်ရေးပေးပါ့မယ်။ Comment Box မှာပြောသွားပေးလို့ရပါတယ်။

Source: Facebook: Friend Zone International page