လူတိုင်းလူတိုင်း အရွယ်ရောက်တဲ့အခါမှာ ရှောင်လွဲလို့မရတဲ့အချစ်ဆိုတဲ့အရာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေမှာတော့ အဆင်မပြေတဲ့အချစ်ရေးမျိုးကို ကြုံတွေ့ရမှာက အတွဲတိုင်းလိုလိုမှာရှိတတ်ပါတယ်။

ချစ်သူတွေဆိုတာလည်း အခက်မသင့်တဲ့အခါမှာ စကားများ၊ ရန်ဖြစ်တာတွေရှိတတ်တယ်ဆိုပေမယ့် ဒီလိုအခြေနေမျိုးမဟုတ်ပဲ တော်တော်လေးကိုအဆင်မပြေတော့တဲ့ အချစ်ရေးမျိုးနဲ့ ကြုံတွေ့နေရတဲ့သူတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးအချစ်ရေးတွေကို ကျောခိုင်းလိုက်မယ်ဆိုရင်တော့…

အဆင်မပြေပဲစိတ်ညစ်စရာတွေပဲ ကြုံတွေ့နေရတဲ့အချစ်ရေးတစ်ခုမှာ ဘယ်လိုမှပျော်ရွှင်စရာဆိုတာကို တွေ့လာရမှာတော့ မဟုတ်ပါဘူး။ စိတ်တွေလည်း အရမ်းညစ်နေရတဲ့အချိန်မျိုးမှာ ဘာပဲလုပ်လုပ် အဆင်မပြေတော့တာတွေပဲတွေ့လာရမှာပါ။ ဒီလိုဆိုတော့ အဆင်မပြေတဲ့အချစ်ရေးမျိုးမှာ ကိုယ့်ကိုယ်ကိုစိတ်ညစ်ခံပြီး ဘဝတစ်ခုလုံးကိုနစ်မွန်းလိုက်တာမျိုး မလုပ်သင့်ပါဘူးနော်။

မပြတ်သားနိုင်တာမျိုးတွေမဖြစ်ပါစေနဲ့။ ဒါကိုမိန်းကလေးတော်တော်များများ တွေ့ကြုံနေရတာပဲဖြစ်ပါတယ်။ ကိုယ်ချစ်သူကအချိုးတွေကိုပြင်သွားမလားဆိုပြီး စောင့်ကြည့်ရင်းနဲ့ပဲ အချိန်တွေပိုကြာပြီး စိတ်ညစ်ရတာတွေကများလာလေပဲဖြစ်လာမှာပါ။

မှားယွင်းနေပြီဆိုတာကိုတွေးမိဖို့က အရေးကြီးပါတယ်။ တော်တော်များများကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုမှားယွင်းနေပြီလားဆိုတာကို သတိမထားမိတတ်တာကများပါတယ်။ ကိုယ့်အတွက်အရမ်းစိတ်ညစ်နေရပြီဆိုတာကို သတိထားမိလာပြီဆိုရင်တော့ ပြတ်သားနိုင်ဖို့ကြိုးစားသင့်ပါပြီ။

ကိုယ့်ဘဝအတွက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်တာကို ကြိုပြီးတော့စဉ်းစားတတ်ဖို့လိုပါတယ်။ အဆင်မပြေတာကို ပြေအောင်လို့ကြိုးစားနေရင်းနဲ့ တစ်ဖက်ကကိုယ့်ရဲ့တက်လမ်းတွေနဲ့ အောင်မြင်မှုတွေက တဖြည်းဖြည်းနောက်ကို ရောက်သွားမှာကိုတော့သိထားဖို့လိုပါတယ်။ အဆင်မပြေနိုင်တော့တဲ့ အချစ်ရေးတစ်ခုနောက်ကို အတင်းလိုက်နေရင်း ဆုံးရှုံးမှုတွေကိုပဲ ပိုင်ဆိုင်လိုက်ရတာမျိုးမဖြစ်ပါစေနဲ့။

မိသားစုနဲ့သူငယ်ချင်းတွေကို ပြန်ပြီးတိုင်ပင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့မိသားစုဆိုရင်လည်းအဆင်မပြေပဲ အမြဲတမ်းစိတ်ဆင်းရဲနေရတာမျိုးကို လိုချင်ကြတာတော့မဟုတ်ဘူးလေ။ အရမ်းကိုစိတ်ညစ်ရတဲ့ အချိန်မျိုးတွေမှာတော့ သူငယ်ချင်းအရင်းတွေနဲ့တိုင်ပင်ပြီး မှန်ကန်တဲ့နည်းလမ်းတစ်ခုနဲ့အတူ ဆုံးဖြတ်ချက်ချနိုင်သွားမှာပဲဖြစ်ပါတယ်။

ဒီလိုအရာတွေကိုပြင်ဆင်လိုက်နိုင်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ဘဝမျိုးကို ပိုင်ဆိုင်နိုင်ဖို့အတွက် တဖြည်းဖြည်းနီးကပ်လာမှာပဲဖြစ်ပါတယ်။

Photo Source: Pexels