ကျန်းကျန်းမာမာနဲ့ အာဟာရရှိရှိ စားသောက်ဖို့ ပြင်နေတယ်ဆိုရင်‌ ငွေသိပ်မကုန်ဘဲ စီမံနိုင်တဲ့ နည်းလမ်းတစ်ချို့ ညွှန်းချင်ပါတယ်။ ကိုယ်အလေးချိန် တက်လာလို့ ဝိတ်ချချင်တာပဲ ဖြစ်ဖြစ် အထိုင်အထ ပေါ့ပါးသွက်လာပြီး ကျန်းမာကျစ်လျစ်တဲ့ ကိုယ်ခန္ဓာရဖို့ပဲ ဖြစ်ဖြစ် Budget နည်းနည်းနဲ့ ကျန်းမာတဲ့ အစားအသောက်ကို အခုလို စီစဉ်နိုင်ပါတယ်။

(၁) အစားအသောက် စာရင်းလုပ်ပါ

Photo: Shutterstock

တစ်ပတ်တစ်ခါ ကိုယ်စားချင်တဲ့ အစားအသောက်နဲ့ ချက်မယ့်ဟင်းလျာကို ဇယားတစ်ခုမှာ ဆွဲထည့်ထားဖို့ လိုပါတယ်။ တကယ်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဟာ ငွေသိပ်မကုန်ပါဘူး။ ကိုယ့်ရဲ့ အစားအသောက်ဇယားမှာ ပါတဲ့ ဟင်းအမယ်တွေမှာ အာဟာရဖြစ်တာ ပါသလား ၊ ဘယ်လောက် ပိုက်ဆံသုံးရမလဲ ဆိုတာ ချင့်ချိန်ပြီး သေချာဆွဲထားသင့်ပါတယ်။

(၂) ကိုယ်တိုင်ချက်ပြုတ်ပါ

Photo: Shutterstock

ဟင်းချက်ခြင်းဟာ ပိုပြီး လှုပ်လှုပ်ရှားရှား လုပ်ဖြစ်သလို စားလို့လည်း ပိုမြိန်စေပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ဖို့အတွက် ဈေးကိုလည်း ကိုယ်တိုင် သွားဖြစ်သလို ကိုယ့်ဘာသာချက်စားခြင်းဟာ အပြင်မှာ အသင့်ဝယ်စားဖြစ်တာထက် ပိုပြီး အကုန်အကျ နည်းပါတယ်။ တစ်နေ့စာ တစ်နေ့ ချက်ပြုတ်စားတာဖြစ်လို့ နည်းနည်းတော့ ကသီလင်တ နိုင်နိုင်ပါတယ်။

(၃) Junk Food တွေ ရှောင်ပါ

Photo: Shutterstock

လူကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ အသင့်စား မုန့်တွေ ဝယ်စားတာဟာ ကျန်းမာရေးပြဿနာ ဖြစ်နိုင်ပါတယ်။ Snack မုန့်တွေဟာ ဈေးလည်း ကြီးသလို လူကိုလည်း ဗိုက်ပြည့်တယ် မရှိအောင် ဆာလောင်စေပါတယ်။

(၄) ဈေးချိုတဲ့ ပရိုတိန်းတွေ စားပေးပါ

Photo: Shutterstock

အသားငါးတွေဟာ ဈေးကြီးပါးတယ်။ တစ်ပတ်မှာ တစ်ရက်လောက်ပဲ စားပေးသင့်ပါတယ်။ ဒီအစား ပဲအမျိုးမျိုး ၊ ကြက်ဥနဲ့ ငါးသံဗူးလေးတွေ ဝယ်ပြီး ချက်ပြုတ်စားသုံးနိုင်ပါတယ်။

(၅) လက်ကားဝယ်ပါ

Photo: Shutterstock

တာရှည်စားသုံးနိုင်တဲ့ ကြက်သွန်နီနဲ့ ငရုတ်လိုမျိုး အခြေခံစားသုံးကုန်တွေကို တစ်လကိုးသီတင်းစာ ဝယ်ထားတာက ပိုက်ဆံအကုန်အကျ ပိုသက်သာပါတယ်။ ဆန် ဆီဆား ငါးခြောက် ငါးပိတွေနဲ့ အခြောက်အခြမ်းတွေကို များများဝယ်ပြီး ကောင်းကောင်း သိုလှောင်ထားဖို့ အကြံပြုချင်ပါတယ်။