ကပ်ဘေးကာလအတွင်းမှာ အလုပ်အကိုင်တွေက မသေချာပါဘူး။ အတော်များများ အလုပ်အကိုင် ဆုံးရှုံးသွားတယ်ဆိုတာလည်း ကြားနေကြမှာပါ။ COVID-19 ကြောင့် အိမ်ထဲမှာပဲ နေနေရတဲ့ လူတွေများလာတဲ့နောက် အလုပ်အကိုင် မရေရာမှုနဲ့အတူ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးကို ဆာလောင်တဲ့ ပရိတ်သတ်သစ် ပေါ်ပေါက်လာပါတယ်။ ဒါကြောင့်ပဲ Social Media Influencers ရပ်တည်မှုဟာ မထင်ထားလောက်အောင် ပိုအားကောင်းလာပါတယ်။

Photo: Only Chefs

တကယ်လို့ သင်မှာ ဖန်တီးမှုအားကောင်းပြီး ထူးကဲတဲ့စွမ်းရည်တစ်ခုရှိရင် ဆိုရှယ်မီဒီယာမှာ ငွေရှာလို့ ရပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာ Influencer ဆိုသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ထုတ်ကုန်တစ်ခုလို ဈေးကွက်တင်ထားတဲ့ သူတွေ ဖြစ်ပါတယ်။ Social Network ပေါ်မှာ ပိုက်ဆံရှာမယ်ဆိုရင် သင့်အကြောင်းကို လူသိများအောင် လုပ်ဖို့ လိုပါတယ်။

ဥပမာ- အစားကောင်းလည်း ကြိုက်တတ်တဲ့ ဟင်းချက်တော်တဲ့ သူတစ်ယောက်ဆိုပါစို့။ Foodie တစ်ယောက်အနေနဲ့ ရပ်တည်လို့ရပါတယ်။ နေ့တိုင်း ဟင်းအမယ်သစ်လေးတွေ ချက်ရင်း ကိုယ်ပိုင်ဟင်းမီနူးလက်ရာအကြောင်း ဗွီဒီယိုလေးတွေ ၊ ပုံနဲ့စာတွေ တင်ပြီး ကိုယ့်ရဲ့ Skills နဲ့ ပါရမီကို ပြပါ။ ဒီနည်းနဲ့ သင့်မှာ ပရိတ်သတ်တွေ ရောက်လာပါလိမ့်မယ်။

လူမှုကွန်ရက်မှာ Follower လို့ ခေါ်တဲ့ ကိုယ့်ပရိတ်သတ်တွေ ရောက်လာတာနဲ့အမျှ ကိုယ့်နောက်မှာ ဝင်ငွေအခွင့်အလမ်းတွေ အများကြီး လိုက်လာမှာပါ။ တစ်ခြားသူတွေနဲ့ ကွဲပြားဆန်းသစ်တဲ့ တင်ဆက်မှုတွေနဲ့ စိတ်ဝင်စားစရာ Video တွေကို အခုခေတ် Gen Z မျိုးဆက်တွေ တောင့်တနေကြတာ ဖြစ်ပါတယ်။

Photo: Get Fully Funded

ဒါကြောင့် ကိုယ့်ရဲ့ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ကို မတူခြားနားတဲ့ တင်ဆက်မှုတွေ လုပ်ရင်း ဈေးကွက်ရှာပါ။ ကိုယ့် Product ကို ကိုယ့်အကောင့်ကနေ တစ်ဆင့် ဈေးကွက်မြှင့်တင်ပါ။ ဒီနေ့ခေတ်မှာ Social Network တွေ အများကြီး ရှိပါတယ်။ TikTok မှာ ကကွက်ဆန်းတွေ တင်ဆက်မလား ၊ YouTube မှာ Reviewer အဖြစ် ရပ်တည်မလား ၊ Facebook မှာ Game Streamingလုပ်မလား။

ဖြစ်နိုင်ခြေ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ရဲရဲရင့်ရင့် စတင်လိုက်ဖို့ပဲ လိုပါတယ်။ ဒီတော့ သင့်စွမ်းရည်ကို ဖော်ထုတ်ပါ။ ပစ်မှတ်ထားတဲ့ ပရိတ်သတ်အမျိုးအစား ရွေးထားပါ။ Social Media ပလက်ဖောင်းကို သေချာရွေးပါ။ သင့်ဖန်တီးမှုက သင့်ဘဝကို ပြောင်းလဲစေမှာ အမှန်ပါပဲ။