သင်က လက်သည်းနီဆိုးရတာ ကြိုက်နှစ်သက်ပေမယ့် ဆိုးထားတဲ့ လက်သည်းနီတွေ မြန်မြန်ခြောက်အောင် စောင့်ရတာ စိတ်မရှည်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။

ဆံပင်လေမှုတ်စက်အသုံးပြုပါ

ဆံပင်လေမှုတ်စက်ရဲ့ အနိမ့်ဆုံးအပူချိန်သုံးပြီး စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်ကာ ၂ မိနစ် (သို့) ၃ မိနစ်ခန့် မှုတ်ပေးလိုက်ပါ။ လက်သည်းကနေ ခပ်ဝေးဝေးထားပြီး လေမှုတ်ရမှာပါ။

ဟင်းချက်တဲ့ဆီ (သို့) ဆံပင်ဖြန်းတဲ့စပရေးအသုံးပြုပါ

လက်သည်းနီဆိုးပြီးသွားတဲ့အခါ ဟင်းချက်ဆီ (သို့) ဆံပင်ဖြန်းတဲ့စပရေးကို လက်သည်းနဲ့ ၃၀ စင်တီမီတာအကွာကနေ ဖြန်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။

ရေခဲရေနဲ့ အခြောက်ခံမယ်

လက်သည်းနီ စမဆိုးခင်မှာ ဇလုံတစ်ခုထဲကို ရေနည်းနည်းထည့်ပြီး ရေခဲတုံးပါ ထည့်စိမ်ထားလိုက်ပါ။ လက်သည်းနီဆိုးပြီးတဲ့အခါ ၂ မိနစ် (သို့) ၃ မိနစ်ခန့် စောင့်ပြီးမှ ရေခဲရေထဲကို လက်ထည့်စိမ်လိုက်ပါ။ ၃ မိနစ် (သို့) ၅ မိနစ်ကြာတဲ့အခါ ဇလုံထဲကနေ လက်ချောင်းလေးတွေကို ဖယ်ထုတ်လိုက်တဲ့အခါ လက်သည်းပေါ်မှာ ရေသီးလုံးလေးတွေ တွေ့ရမှာပါ။ ဒါက လက်သည်းနီခြောက်သွားပြီဆိုတဲ့ လက္ခဏာပါပဲ။

လက်သည်းအမြန်ခြောက်စေတဲ့ လက်သည်းနီဝယ်ပြီး ဆိုးထားတဲ့လက်သည်းနီပေါ် ထပ်ဆိုးပေးလို့လည်း ရပါတယ်။

သူကလည်း လက်သည်းနီအကြည်ရောင်လေးနဲ့ ဆင်တူပါတယ်။

လက်သည်းနီပါးပါးလေးတွေပဲဆိုးပါ

လက်သည်းနီပါးပါးလေးနဲ့ တစ်လွှာချင်းစီဆိုးတာကလည်း လက်သည်းနီမြန်မြန်ခြောက်အောင် စောင့်စရာမလိုပါဘူး။

အခုဖော်ပြသွားတဲ့နည်းလမ်းလေးတွေထဲက ပျိုမေတို့ ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်တော့ လက်သည်းနီခြောက်ဖို့ စောင့်နေတုန်း လက်ချောင်းလေးတွေက တစ်ခုခုနဲ့ ပွတ်မိလို့ လက်သည်းနီပျက်သွားတဲ့ဒုက္ခကနေ ကင်းဝေးနိုင်ပါပြီနော်။

Source: Stylecraze.com