ဗိုက်ပူနေလို့ အဝတ်အစားဝတ်တဲ့အခါ မလှလို့ စိတ်ညစ်နေရင် ဗိုက်ပူတာကို မသိသာအောင် ဒီလိုလေးတွေ ဝတ်ကြည့်ပါ။

အတွင်းခံ

အရည်အသွေးတေကာင်းတဲ့ Bra နဲ့ High-Rise အတွင်းခံတွေက ပူနေတဲ့ဗိုက်ကို နည်းနည်းချပ်အောင်ထိန်းပေးနိုင်တာကြောင့် အတွင်းခံကို သေချာရွေးဝတ်ပါ။

Shapewear

ဝတ်ရတာပျော့ပြီး နေရထိုင်ရတာသက်တောင့်သက်သာရှိစေတဲ့ အရည်အသွေးကောင်းတဲ့ Shapewear တွေကလည်း ဗိုက်အဆီကို ထိန်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ကောက်ကြောင်းကိုပါ ပေါ်စေတာမလို့ သင့်မှာမရှိသေးရင် စမ်းကြည့်သင့်ပါတယ်။

ခန္ဓာကိုယ်အနေအထား

တော်တာ်များများက ကိုယ်ဟန်အနေအထားကို သိပ်ဂရုမစိုက်ကြပေမယ့် ကြာလာတဲ့အခါ ဝမ်းဗိုက်ကြွက်သားတွေက ပျော့လာပြီး ပိုပူတယ်လို့ပိုထင်ရစေပါတယ်။ ဒါကြောင့် အချိန်တစ်ခုပေးပြီး သတိရှိရှိနဲ့ ပြောင်းလဲနိုင်ဖို့ အားထုတ်ပါ။

စမတ်ကျကျဝတ်ပါ

အဝတ်အစားဝတ်တဲ့အခါ စမတ်ကျကျဝတ်ဖို့ကလည်း အရေးကြီးတဲ့ အခြေခံအချက်ပါပဲ။ ခါးပတ်ပါတဲ့ဂါဝန် ၊ ခါးပတ်ပါတဲ့အကျီ ၊ ဖောင်းနေတဲ့ ဗိုက်ကို ဖုံးကွယ်ထားတဲ့အင်္ကျီစတာတွေကို ရွေးပြီး လိုက်လျောညီထွေဖြစ်အောင် ဝတ်စားပါ။

အရောင်

အဝတ်အစားဝတ်တဲ့အခါ ဝတ်တဲ့အရောင်က ဗိုက်ပူတာကိုမသိသာစေတဲ့ မှိုင်းတဲ့အရောင်တွေ ၊ Flowy Fabrics နဲ့ ဒေါင်လိုက်စင်းများကို ရွေးချယ်ပါ။

Layering

အဝတ်အစားဝတ်တဲ့အခါ တစ်ထပ်တည်းဝတ်မယ့်အစား Plaid Shirt ကို Tank Top နဲ့ တွဲဝတ်တာမျိုး ၊ ဒူးလောက်ထိရှည်တဲ့ ဂါဝန်ကို Shirt ဒါမှမဟုတ် Blazer နဲ့တွဲဝတ်တာမျိုးတွေက အမြင်အာရုံပြောင်းစေတာမလို့ ဗိုက်ပူတာကို မသိမထားမိစေပါဘူး။

အချိုးမညီတဲ့အဝတ်အစား

ဒီလိုတစ်ဖက်တို တစ်ဖက်ရှည်အဝတ်အစားတွေကလည်း ဗိုက်ပူတာကို သိသိသာသာလျော့စေတဲ့အပြင် လူတွေရဲ့အာရုံကိုလည်း ပြောင်းပေးနိုင်ပါတယ်။