ရင်ဘတ်နေရာ သူ့ဟာနဲ့သူ ရှိမှ အဝတ်အစားဝတ်ရင် Sexy ကျတာ မဟုတ်ပါဘူး။ ရင်ဘတ်နေရာ ဘာမှသိပ်မရှိဘဲ ချပ်ရပ်နေခဲ့ရင်လည်း Sexy ကျအောင် ဝတ်နိုင်ပါတယ်။ ဘယ်လိုဝတ်ရင် ဘယ်လို ဆွဲဆောင်မှုရှိမလဲ နည်းလမ်းတွေကို သိထားဖို့ပဲ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ရင်ဘတ်နေရာ Flat ဖြစ်တဲ့ ပျိုမေတို့ Sexy ကျကျ ဆွဲဆောင်မှုရှိစွာ ဝတ်နိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ပခုံးနဲ့ လည်ပင်းကို အဓိက ပေါ်အောင် ထားဝတ်ပါ
သင့်ဆီမှာ ကောက်ကြောင်းလေးမရှိရင် ဒါကို အာရုံမစိုက်မိစေဘဲ တခြား Sexy ကျတဲ့ နေရာတွေဆီ အာရုံရောက်သွားအောင် လည်ပင်းနဲ့ ပခုံးသားကို ပြပေးသင့်ပါတယ်။ V Neck တွေ၊ Off the Shoulder အင်္ကျီတွေက ရင်ဘတ်သေးတဲ့ ပျိုမေတို့ကို ဆွဲဆောင်မှု ရှိစေနိုင်ပါတယ်။
၂။ နောက်ကြောကို ပြပါ
သင်က နောက်ကြောကို ပြရဲတဲ့ သတ္တိရှိတယ် ဆိုရင်တော့ Sexy Back လေးကို ပြပြီး ဆွဲဆောင်မှု ရှိရှိ ဝတ်ဆင်နိုင်ပါတယ်။ ရင်သားသိပ်မရှိတာကြောင့် ဘရာခံဝတ်စရာ မလိုဘဲနဲ့ကို Backless စတိုင် အဝတ်အစားကို ဝတ်နိုင်ပါတယ်။
၃။ အင်္ကျီလတ်ပြတ်ဝတ်ပါ
ရင်ဘတ်သေးတဲ့ ပျိုမေတို့ ဆွဲဆောင်မှုရှိရှိ ဖန်တီးနိုင်မယ့် အရာတစ်ခုကတော့ လက်မောင်းသွယ်သွယ်လေးတွေကို ပြတာပါ။ လက်မောင်းသွယ်သွယ် အလှလေးကို မြင်နိုင်ဖို့ အင်္ကျီလက်ပြတ်ကို ဝတ်ဆင်နိုင်ပါတယ်။
၄။ Boob Tube Tops
Boob Tube Tops တွေ Strapless Tops တွေက ရင်သားကြီးတဲ့ ပျိုမေတို့အတွက် ထိန်းရတာ ခက်နိုင်ပေမယ့် ရင်ဘတ်သေးတဲ့ မိန်းကလေးတွေအတွက် အင်မတန် သင့်တော်ပြီး ဆွဲဆောင်မှုရှိတဲ့ စတိုင် ဖြစ်ပါတယ်။
၅။ အပါးလေးတွေ
သင်က ဝတ်ရဲတယ်ဆိုရင် နာမည်ကျော် မော်ဒယ် Kendall Jenner လို ရင်ဘတ်ကို မြင်နေရတဲ့ ဇာအပါးလေး ဝတ်နိုင်ပါတယ်။ ဒီစတိုင်က ညဘက် ပွဲတက်တဲ့ ပျိုမေတို့ ဝတ်ကြည့်သင့်တဲ့ စတိုင်မျိုးပါ။ Sexy ကျဖို့တော့ ပြောစရာတောင် မလိုပါဘူး။
၆။ ယောက်ျားဆန်ဆန် စတိုင်
ရင်ဘတ်သေးတဲ့ သင်က ယောက်ျားလေးဆန်တဲ့ စတိုင်တွေကို သဘောကျမယ်ဆိုရင်တော့ ကံအကောင်းဆုံး လူသားပါပဲ။ ယောက်ျားဆန်ဆန် စတိုင်တွေက ကောက်ကြောင်းမလိုတာကြောင့် အထာအကျဆုံး ဝတ်နိုင်ပါတယ်။
Source: myfacehunter
by MyStyle Myanmar