သင်က ပိုက်ဆံရှိတဲ့ အမျိုးသမီး တစ်ဦးလို ဝတ်တတ်ချင်တယ်ဆိုရင် ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင် ဝတ်စုံတွေနဲ့ Accessories တွေ ရှိပါတယ်။ လူတစ်ယောက်ကို ပထမဆုံး မြင်ရတာက ဝတ်စားဆင်ယင်ပုံနဲ့ မျက်နှာ ဖြစ်တာကြောင့် သင့်အဝတ်အစားကို ဂရုစိုက်သင့်တာကိုတော့ သင် သိပြီး ဖြစ်မှာပါ။ သင်က လူရှိန်ပြီး ပိုက်ဆံရှိတဲ့၊ အောင်မြင်တဲ့ အမျိုးသမီးပုံစံ ဖက်ရှင်ကို လိုချင်ရင် ဒီလို စတိုင်တွေနဲ့ ဒီလို Accessories တွေကို များများ ဆင်မြန်းသင့်ပါတယ်။

၁။ ရွှေဝတ်ပါ

ရွှေလက်ကောက် အကြီးကြီးတွေ၊ ဆွဲကြိုးအကြီးကြီးတွေ မလိုပါဘူး။ ရှင်းရှင်းလေးနဲ့ လှမယ့် ရွှေလက်စွပ် သေးသေးလေးတွေ၊ ရွှေဆွဲကြိုး သေးသေးလေးတွေကို ဝတ်နိုင်ပါတယ်။

၂။ Tweed Blazer

အစင်းကွက် သေးသေးလေးတွေ ပါတဲ့ Tweed Blazer က ဝတ်တဲ့သူကို ထည်စေကာ ကျက်သရေရှိရှိ စတိုင်ကျစေနိုင်ပါတယ်။ ဒါ့အပြင် ပိုက်ဆံရှိတဲ့ သူတစ်ယောက်လို့ ထင်ရစေပါတယ်။

၃။ ပိုးသားအင်္ကျီ

ပိုးသားအင်္ကျီကိုမှ အရောင် တစ်ရောင်တည်း သွားတဲ့ အင်္ကျီမျိုးကို ဝတ်သင့်ပါတယ်။ ပိုးသားအင်္ကျီသားက သင့်ကို ပိုရင့်ကျက်တယ်ထင်ရစေတဲ့အပြင် သားသားနားနား ပုံစံ ပေါ်စေပါတယ်။

၄။ အရည်အသွေးကောင်းတဲ့ Basic အဝတ်အစားတွေကို စုပါ

အရည်အသွေးကောင်းတဲ့ အဖြူရောင် တီရှပ်၊ အနက်ရောင် တီရှပ်၊ ဂျင်းဘောင်းဘီရှည် စတဲ့ အခြေခံ ဝတ်နေကျ အဝတ်အစားတွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။ သင်ပုံမှန်ဝတ်တဲ့ အဝတ်အစားမျိုးကို အရည်အသွေးကောင်းတဲ့ထဲက ရှာသင့်ပါတယ်။

၅။ ဝမ်းဆက် စတိုင်ဝတ်ပါ

အပေါ်အောက် အရောင်တူတဲ့ Suit မျိုးကို ဝတ်သင့်ပါတယ်။ ဒီလို စတိုင်မျိုးက သင့်ကို စမတ်ကျစေနိုင်ပါတယ်။

၆။ မီးပူတိုက်ပြီးမှ ဝတ်ပါ

သင့်အဝတ်အစားက ဘယ်လောက်ပဲ ဈေးကြီးနေပါစေ အတွန့်တွေ ပါနေမယ်ဆိုရင် ဘေထုပ်အဝတ်အစားနဲ့ တူစေနိုင်ပါတယ်။ ဘယ်ဟာပဲ ဝတ်ဝတ် သပ်သပ်ရပ်ရပ် မီးပူတိုက်ပြီး ဝတ်သင့်ပါတယ်။

၇။ ကိုယ်နဲ့ ကွက်တိကျတဲ့ Blazer

Blazer ဝတ်တဲ့အခါ ကိုယ့်ပခုံးနဲ့ ကွက်တိကျပြီး ခန္ဓာကိုယ်နဲ့ ကွက်တိသွားတဲ့ Blazer မျိုးကို ရှာသင့်ပါတယ်။ ဒီလိုစတိုင်က သင့်ကို ပိုက်ဆံရှိတယ် ထင်ရစေပါတယ်။

၈။ သင့်ပိုက်ဆံအိတ်နဲ့ ဖိနပ်ရောင်ကို တူပါစေ

ဒါကတော့ လူရှိန်စေမယ့်အပြင် စတိုင်ကျဖို့ပါ အကြံပြုချက်ပါ။ ဖိနပ်ရောင်နဲ့ အိတ်အရောင် တူမယ်ဆိုရင် နှစ်ဆ ဖက်ရှင်ကျစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar