မင်္ဂလာပါ…ပျိုမဒီတို့ရေ… ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့တာက အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းပြီး ရင်ခုန်ဖို့လည်း ကောင်းလွန်းလှပါတယ်နော်။ ဒါပေမယ့် ပထမဆုံးချိန်းတွေ့တဲ့နေ့ မှာ စိတ်ရှုပ်ရတာက အဝတ်အစားရွေးဖို့ပါ။ ချိန်းထားတဲ့နေမှာ ဆွဲဆောင်မှုရှိပြီး လှပနေဖို့ကလည်း အရေးကြီးပါတယ်နော်။ ပထမဆုံး တွေ့တဲ့အချိန် First Impression မှာ အလှဆုံးဖြစ်ချင်တဲ့ ပျိုမဒီတို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး အလှဆုံးဖြစ်နေစေဖို့ အသုံးဝင်လွန်းမယ့် အချက်အလက်လေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

Vintage Tee with High Waisted Jeans


ခေတ်ဟောင်းတီရှပ်တစ်ထည်ကို ခါးအမြင့် ဂျင်းဘောင်းဘီနှင့် တွဲဝတ်လိုက်ပါ။ စတိုင်ကျစေဖို့ ဒေါက်ဖိန်ကို တွဲဝတ်လိုက်ပါ။ ဒီလို သက်တောင့်သက်သာရှိတဲ့ ၀တ်စုံလေးက လူတိုင်းနဲ့ လိုက်ဖက်ပြီး ယောက်ျားလေးတွေ သဘောကျမှာ သေချာပါတယ်။

Skirt with Camisole

ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ကျက်သရေရှိအောင်လို့ သင့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် စကတ်လေးကို Camisole လေးနဲ့တွဲဖက်ဝတ်ဆင်တာက စတိုင်လ်ကျတဲ့ ပုံစံလေး ကို ဖန်တီး ပေးပါတယ်။

Midi Dress with Sneakers

သိမ်မွေ့ပြီး ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်လေးဖြစ်စေချင်ရင်တော့ Midi Dress လေးကို Sneakers လေးနဲ့ တွဲဝတ်လိုက်ပါ။ သွားလာရတာလည်း အဆင်ပြေပြီး ပေါ့ပါး လွတ်လပ်စေပါတယ်။

Dressy Blouse with Relaxed Jeans

သက်တောင့်သက်သာအရှိဆုံး ဂျင်းဘောင်းဘီကို Blouse လေးနဲ့တွဲပြီး ဒေါက်ဖိနပ်လေးစီးလိုက်ပါ။ ကျက်သရေရှိပြီး စတိုင်ကျလှပနေတဲ့ မိန်းမပျိုလေးဖြစ်နေမှာ သေချာပါပဲ။

Jeans Shorts with Silk Cami

ဂျင်းဘောင်းဘီဝတ်ဖို့ အရမ်းပူနေရင် ဂျင်းဘောင်းဘီတို ဒါမှမဟုတ် စကတ်ကို ပိုးသား Cami လေးနဲ့ တွဲဝတ်လိုက်ပါ။ ဆယ်ကျော်သက်တွေကြိုက်တဲ့ နွေရာသီဖက်ရှင်နဲ့ စတိုင်ကျတဲ့ ဒီဝတ်စုံလေးက ပထမဆုံးချိန်းတွေ့မှုကို ပြီးပြည့်စုံစေမှာပါ။

Accessories

ယောက်ျားလေးအများစုက သတိမထားမိပေမယ့် မိန်းကလေးအသုံးအဆောင် ပစ္စည်းတွေကလည်း အရေးပါတာမလို့ နာရီ ၊ ပိုက်ဆံအိတ် စတာတွေကိုလည်း အသေးစိတ် ဂရုစိုက် သင့်ပါတယ်။

Hairs

မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရင် ယောက်ျားလေးတစ်ယောက်က သတိထားမိတဲ့ ပထမဆုံးအရာက ဆံပင်ပါ။ ဒါကြောင့် ပထမဆုံးချိန်းတွေ့တဲ့နေ့မှာလည်း ဆံပင်ကို အသပ်ရပ်ဆုံးနဲ့ အလှဆုံးဖြစ်နေဖို့ ကိုလည်း အချိန်ပေး ပြင်ဆင်သင့်ပါတယ်။

Makeup and Natural Look

ပထမဆုံးချိန်းတွေ့တဲ့နေမှာ မိတ်ကပ်တွေအများကြီးမပြင်ဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေတာက သင့်ကိုသက်တောင့်သက်သာဖြစ်စေမှာပါ။ ပြီးပြည့်စုံတဲ့ အသွင်အပြင်ကို ရရှိဖို့ အတွက် သင်ကြိုက်တဲ့ နှုတ်ခမ်းနီးလေး ဆိုးသွားလိုက်ပါ။