မင်္ဂလာပါနော်။ ဒီတခါမှာတော့ မိတ်ကပ်ဝါသနာရှင် ပျိုမေတို့အတွက် မျက်ဝန်းလှလှလေးတွေ ပိုင်ဆိုင်နိုင်ဖို့ သဘာဝကျကျနဲ့ Eyeliner လိမ်းခြယ်နည်းကို မျှဝေပေးချင်ပါတယ်။

ဘယ်လိုနည်းလမ်းလေးတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြမယ်နော်။

၁။ Winged Liner

အရင်ဆုံး သင့်မျက်ခွံပေါ်မှာ သင့်အသားရောင်ထက်အရောင်နည်းနည်းလေးပဲ လင်းတဲ့ Eyeshadow ကို အရင်လိမ်းလိုက်ပါ။

ပြီးသွားရင်တော့ Eyeliner စဆွဲပါမယ်။

အရင်ဆုံး မျက်လုံးထောင့်ကနေ အခုလို တစ်ကြောင်းတည်းဆွဲပေးလိုက်ပါ။

ပြီးရင်တော့ အဲဒီအပေါ်ကနေ နောက်ထပ်တစ်ကြောင်းဆွဲပြီး ဖြည့်ဆွဲလိုက်ပါ။

ပြီးရင်တော့ အတွင်းပိုင်းအထိ ဆွဲပေးလိုက်ပါ။

အဲဒီနောက် Eye Brush အသေးလေးနဲ့ သင့်ရဲ့ မျက်လုံးအောက်နဲ့ မျက်ခံအပေါ်ကို သေချာလေး Blend လုပ်ပေးလိုက်ပါ။

၂။ မျက်ဝန်းကို ပိုပြီးတောက်ပစေတဲ့ Eyeliner


အရင်ဆုံး သင့်မျက်ဝန်းကို ငွေရောင်နဲ့ အညိုရောင်လေး ဆိုးပေးလိုက်ပါ။

ပြီးသွားရင်တော့ Eye Brush အသေးလေးနဲ့ Eye Liner ကို အပေါ်ရော အောက်မှာပါ ဆိုးပေးလိုက်ပါ။

ပြီးရင်တော့ မျက်လုံးအတွင်းဖက်ထောင့်နားမှာ အရောင်လင်းတဲ့ Eye shadow လေးထည့်ပေးပါ။

ပြီးရင်တော့ သင့်ရဲ့ မျက်ခွံ အတွင်းပိုင်းကိုပါ Eyeliner ထပ်ပြီးဖြည့်ပေးလိုက်ပါ။

Source: www.bellatag.com

Featured Image Source: style.tribunnews.com