မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းခြယ်ရာမှာ မျက်ခုံးမွှေးအလှဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မျက်ခုံးမွှေးလှလှဆွဲလိုက်တာနဲ့ သင့်ရဲ့ ရုပ်ရည်လေးဟာ တမျိုးလေး ပြောင်းလဲသွားတတ်ပါတယ်။

ဒါ့ကြောင့် မျက်ခုံးမွှေးလှလှလေး ဆွဲတတ်ဖို့လည်းလိုပါတယ်နော်။ ဒီတခါမှာတော့ လက်ရှိ အာရှက မိန်းကလေးကြားမှာ ရေပန်းစားနေတဲ့ မျက်ခုံးမွှေး ဖြောင့်ဖြောင့်တန်းတန်းဆွဲနည်းကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံး မျက်ခုံးမွှေးဆွဲတံနဲ့ မျက်ခုံးမွှေးကို အပေါ်အောက် ခပ်ပါးပါးလေး ဆွဲပေးထားလိုက်ပါ။

ပြီးသွားရင်တော့ မျက်ခုံးမွှေးအစွန်းနားကို ဖြည့်လိုက်ပြီး ခြစ်တဲ့ Brush လေးနဲ့ မျက်ခုံးမွှေးလမ်းကြောင်းအတိုင်း ခြစ်ပေးလိုက်ပါ။

ပြီးသွားရင်တော့ မျက်ခုံးမွှေးဆွဲတဲ့ Eyeshadow လို ပေါင်ဒါအမျိုးအစားလေးနဲ့ မျက်ခုံးမွှေးအလယ်လေးတွေကို ဖြည့်လိုက်ပါ။

အားလုံးပြီးသွားရင် Eyeshadow Mascara လေးနဲ့ မျက်ခုံးမွှေးတွေကို အပေါ်ကနေ ခပ်ပါးပါးလေး ခြစ်ပေးလိုက်ပါ။

ပြီးရင် Concealer ကိုခပ်ပါးပါးလေးယူပြီး မျက်ခုံးမွှေး အောက်နားမှာ လိမ်းပေးလိုက်ပါ။

လက်ရှိအာရှမှာ ခေတ်စားနေတဲ့ မျက်ခုံးမွှေး ဖြောင့်ဖြောင့်တန်းတန်းဆွဲနည်းတွေ