ပျိုမေတို့အားလုံးမင်္ဂလာပါ။ သင်က မျက်ခုံးဆွဲတာ ကိုယ့်ကိုကိုယ် ကျေနပ်မှုမရှိသေးဘူးဆိုရင်တော့ ကိုယ့်အိမ်မှာနေရင်း မျက်ခုံးဆွဲလေ့ကျင့်နိုင်ပါတယ်။ မျက်ခုံးဆွဲတာက ပန်းချီဆွဲသလိုပါပဲ။ များများ လေ့ကျင့်နိုင်လေ သင့်လက်ရာက သေသပ်လေပါပဲ။ သင်က ဘယ်လိုမျက်ခုံးပုံစံမျိုးဆွဲချင်လဲ အောက်မှာပြထားတဲ့ပုံတွေထဲက တစ်ပုံကို ပထမဆုံး ရွေးချယ်ပေးရပါမယ်။

ရွေးချယ်ပြီးနောက်မှာတော့ ဒီပုံစံတွေအတိုင်း ဆွဲနိုင်ဖို့ စာအုပ်ထဲမှာ အရင်ဆွဲတာ လေ့ကျင့်သင့်ပါတယ်။

ပြီးရင်တော့ တကယ့်မျက်ခုံးပေါ် တင်တဲ့အဆင့်ရောက်ပါပြီ။ မျက်ခုံးမဆွဲခင် မလိုတဲ့ မျက်ခုံးမွှေးတွေကို ရိတ်ထားသင့်ပါတယ်။ ရိတ်ပုံရိတ်နည်းကတော့ သင်ဆွဲမယ့်မျက်ခုံးပုံစံကို အမှတ်အသားပေးပြီး အဲ့အပြင်ထွက်နေတဲ့ မျက်ခုံးမွှေးတွေကို ရိတ်ပစ်ရမှာပါ။

မျက်ခုံးဆွဲဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • မျက်ခုံးမွှေးဆွဲတံ
  • မျက်ခုံးမွှေးဘရပ်ရှ်
  • Concealer

မျက်ခုံးဆွဲနည်း

၁။ ပထမဆုံး မျက်ခုံးကို မျက်ခုံးဘရပ်ရှ်နဲ့ အရင် ဖြီးပေးရပါမယ်။

၂။ မျက်ခုံးရဲ့ အောက်ဘက်ကနေ စဆွဲရပါမယ်။

၃။ အပေါ်ဘက်မှာလည်း အောက်ပိုင်းလို ထပ်ဆွဲပေးရပါမယ်။ ဒီလိုဆွဲတဲ့အချိန် ရှေ့မျက်ခုံးဘက်ကို ချန်ထားသင့်ပါတယ်။

၄။ ပြီးရင်တော့ ဘရပ်ရှ်သုံးပြီး နောက်ဘက်ကနေ ရှေ့ဘက်ကို ဖြီးပေးရပါမယ်။ မလိုတာတွေကိုတော့ ဖယ်ပေးနိုင်ပါတယ်။

၅။ နောက်ဆုံးအဆင့်ကတော့ Concealer သုံးရမှာပါ။ သင့်မျက်ခုံးပုံစံကို ပြတ်သားသွားစေဖို့ပါ။ မျက်ခုံးအောက်ပိုင်းမှာ Concealer လိမ်းပြီး သေချာ Blend လုပ်ပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar