အိပ်ရာထနောက်ကျလို့ ဒါမှမဟုတ် အိမ်အလုပ်တွေကြောင့် ရုံးသွားချိန်နီးမှ အလျင်စလိုနဲ့အလှပြင်ရတဲ့ ပျို‌မေအတွက် မိတ်ကပ်ကို မြန်မြန်ဆန်ဆန်လိမ်းလို့ရမယ့် နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။ မိတ်ကပ်လိမ်းဖို့ အချိန်အများကြီးမပေးနိုင်တဲ့ ပျိုမေတွေအတွက် အသုံးဝင်မှာပါ။

All in One လိမ်းပါ

မနက်ပိုင်းမှာ Skin Care အတွက် အချိန်မပေးနိုင်ဘူးဆိုရင် Skin Care Effect ပါတဲ့ အလှကုန်များကို သုံးပေးပါ။ ရေဓာတ်ကို ဖြည့်ဆည်းပေးနိုင်တဲ့ CC သို့မဟုတ် BB ခရင်မ်ကိုလိမ်းတာလိမ်းတာ SPF 50 ပါတဲ့ Cushion မျိုး သုံးတာက အချိန်ကုန်သက်သာစေပါတယ်။

Concealer လိမ်းပါ

မျက်နှာကို အပြစ်အနာအဆာကင်းပြီး ကြည်လင်တောက်ပစေဖို့အတွက်နဲ့ အမဲစက်တွေ ဝက်ခြံတွေကိုအုပ်ဖို့ BB Concealer လိုမျိုး Concealer ကို စမ်းကြည့်ပါ။

Powder သုံးပေးပါ

အဆီပြန်ခြင်းကနေကင်းဖို့ နောက်ဆုံးမှာ Setting Powder ကို Brush နဲ့ မျက်နှာအနှံ့ လိမ်းပေးပါ။ ဒါမှမဟုတ် Compact Powder လိမ်းပေးပါ။

Eye Makeup လိမ်းပါ

Eye Makeup လိမ်းတဲ့အခါ ရိုးရိုးရှင်းရှင်းဖြစ်ပြီး ဘယ်လိုအဝတ်အစားမျိုးနဲ့မဆိုလိုက်တဲ့ အရောင်မျိုးရွေးသုံးပေးပါ။ လိမ်းတဲ့အခါမှာလည်း Brush အစား လက်ကိုသုံးလို့ရပါသေးတယ်။ မျက်ခုံးဆွဲဖို့လည်း မမေ့ပါနဲ့။ Eye Liner ဖို့ Mascara ကော့ဖို့ အချိန်ရသေးရင်တော့ ပိုကောင်းပါတယ်။

နှုတ်ခမ်းနီဆိုးပါ

နောက်ဆုံးပိတ်အနေနဲ့ကတော့ နှုတ်ခမ်းနီဆိုးဖို့ပါ။ ဒါဆိုရင်တော့ အချိန်အများကြီး မပေးရဘဲ ပြီးပြည့်စုံတဲ့ Look လေး ရရှိမှာပါ။