တစ်ယောက်တည်းဖြစ်နေ့လို့ ဝမ်းနည်းနေတာလား ။ လူတွေက တစ်ယောက်တည်းဖြစ်လာရင် ဝမ်းနည်းစိတ်တွေလည်း ဝင်လာတတ်သလို့ ဘာဖြစ်ချင်လိုဖြစ်နေမှန်းလဲ မသိဘဲဖြစ်တတ်ကြပါတယ်။ အထီးကျန်စိတ်တွေ၊ ကိုယ့်ဘေးမှာတစ်ယောက်မှမရှိတော့လို့ အားငယ်တဲ့စိတ်တွေက ဘယ်လိုပဲသန်မာတဲ့လူပဲဖြစ်ပါစေ ဝမ်းနည်းလာတတ်ကြပါတယ်။ ဒီလိုမျိုး ဝမ်းနည်းစိတ်တွေဖြစ်လာရင် ကိုယ့်စိတ်ကိုယ် ပြန်ပြီးအားတက်အောင်လုပ်ပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အခုမျှဝေပေးချင်တဲ့နည်းလမ်းလေးတွေက စိတ်ကိုလည်းအမြန်ဆုံး Healing လုပ်ပေးနိုင်သလို ခန္ဓာကိုယ်ကိုလည်း အနားပေးသလိုမျိုးဖြစ်စေပါတယ်နော်။
သဘာဝနဲ့ထိတွေ့ပါ
သဘာဝပတ်ဝန်းကျင်က ကိုယ့်ရဲ့စိတ်ခံစားချက်ကို နွေးထွေးမှုတွေ ပေးနိုင်သလို၊ ကောင်းမွန်တဲ့အတွေးတွေးကိုလည်း တွေးပေးနိုင်တဲ့စွမ်းအားတွေ ရှိပါတယ်။ ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ ပန်းခြံထဲသွားတာမျိုးဖြစ်ဖြစ် လေကောင်းလေသန့်ရနိုင်တဲ့နေရာမျိုးကို သွားပြီး စိတ်အပန်းဖြေတာမျိုးဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။
ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပါ
မအားလို့သန့်ရှင်းရေးမလုပ်ဖြစ်ခဲ့တဲ့ ကိုယ့်ရဲ့အခန်းပဲဖြစ်ဖြစ်၊ ကိုယ်နေတဲ့ အိမ်ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် သန့်ရှင်းရေးတွေထလုပ်ကြည့်ပါ။ ပင်ပန်းပေမယ့်လည်း အားလုံးပြီးသွားရင် ရှင်းသွားတဲ့ခံစားချက်လေးက ကိုယ့်ရဲ့မြင်ကွင်းကိုလည်း သန့်ရှင်းသွားစေသလို စိတ်လေးကလည်း ကြည်လင်ပြီးနေလို့ ကောင်းသွားစေပါတယ်။
သီချင်းအော်ဆိုပါ
ရေချိုးခန်းထဲမှာပဲ စိတ်ကိုပေါ့ပါးစေတဲ့သီချင်းတွေ အော်ဆိုကြည့်ပါ။ ဝမ်းနည်းစရာကောင်းတဲ့သီချင်းတွေ လုံးဝနားမထောင်ပါနဲ့နော်။ ဂီတသံစဥ်တွေကလည်း လူ့ရဲ့စိတ်ကိုအကောင်းဆုံး စိတ်ကျေနပ်မှုပေးနိုင်တဲ့အရာမျိုးဖြစ်ပါတယ်။ သီချင်းအော်ဆိုလိုက်ခြင်းအားဖြင့် ခံစားနေရတာတွေက တစ်ဝက်လောက်တောင် သက်သာသွားပါပြီနော်။
Photo Source – Free.pik