နေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးဖို့ဟာ ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်အလှပအတွက်ပါ များစွာအရေးပါလှပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုယ်လက်လေ့ကျင့်ခန်းကို တော်တော်များများလိုက်လုပ်လာကြတာတွေ့ရသလို MyStyle Myanmar က လေ့ကျင့်ခန်းဆောင်းပါးလေးတွေ ကိုလည်း သဘောကျတဲ့သူတွေများလို့ အားတက်ရပါတယ်။

ကိုယ်ဟန်အနေအထားမှန်မှန်နဲ့ ဘယ်လိုလုပ်မလဲ

၁။ သင့်ကိုယ်အလေးချိန်ကို ဖြန့်ထားပါ

Squat လုပ်တဲ့အခါမှာ တစ်နေရာထဲကို အားစိုက်ထားတာမျိုးမလုပ်ပါဘဲ ကိုယ်အလေးချိန်တွေကို ဖြန့်ထားပါ။ ခြေချောင်းတွေကိုအားစိုက်တာမဟုတ်ဘဲ ခြေဖဝါးနားထိ ကိုယ်အလေးချိန်ကို ဖြန့်ထားပါ။ ပြီးရင် ခါးကို မတ်မတ်ထားရပါမယ်။

၂။ ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းပါ

ကိုယ်ဟန်အနေအထားမှန်ဖို့လိုပါတယ်။ နောက်ကျာဟာ တဖြောင့်တည်းဖြစ်ရပါမယ်။ ခါးကိုလည်း တဖြန်းတည်းဖြစ်ရပါမယ်။ ကုန်းကုန်းကြီးမလုပ်ရပါဘူး။

၃။ ကိုယ်ဟန်အနေအထားကောင်းကောင်းနဲ့စလုပ်ပါ

Squat လေ့ကျင့်ခန်းတွေအမျိုးမျိုးရှိပေမယ့် လုပ်နည်းကတော့ သိပ်မကွာခြားလှပါဘူး။ ပြဿနာက ကိုယ်ဟန်အနေအထားပါပဲ။ လူတွေဟာအဓိကအားဖြင့် ဒီလေ့ကျင့်ခန်းကို တင်ကျစ်ကျစ်လျစ်လျစ်ဖြစ်ဖို့ နဲ့ ပေါင်တံကျစ်ဖို့ လုပ်ကြပါတယ်။ ကိုယ်ဟန်အနေအထားမှားမယ်ဆိုရင်တော့ ရလဒ်လည်းကောင်းမှာမဟုတ်ပါဘူး။ ခြေထောက်ကို ပုခုံးအကျယ်လောက်ထိ ကျယ်ပေးထားမယ်။ ခါးကိုမတ်မတ်ထား တင်ကိုကော့ပြီးလုပ်သင့်ပါတယ်။

၄။ အောက်ကို ထိုင်နိုင်သမျှထိုင်ချပါ

Squat လုပ်ရာမှာ အောက်ဖက်ကို ထိုင်နိုင်သလောက်ထိုင်ချပါ။ သင့်ပေါင်နဲ့ ဒူး တတန်းတည်းဖြစ်တဲ့ထိထိုင်ချသင့်ပါတယ်။ တချို့က တစ်ဝက်လောက်နဲ့ မတ်တပ်ပြန်ရပ်တတ်ကြပါတယ်။