ကိုယ့်မျက်နှာအသားအရေဆိုတာကလည်း ကလေးလေးတစ်ယောက်လိုပါပဲ ပြုစုပေးရတဲ့အရာမျိုးပါနော်။ မျက်နှာပေါ်မှာ အဆီဖုတွေ၊ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေဆိုတာကလည်း မထင်ရင်မထင်သလို ထွက်လာတတ်တဲ့အမျိုးပါ။ ဒီလိုမျိုးကိုယ့်အသားအရေကိုဖျက်ဆီးစေတဲ့ အရာတွေထွက်လာပြီဆိုရင် စိတ်ရှုပ်ကြရစမြဲပါ။ ဒီလိုမျိုးတွေမဖြစ်အောင် ကိုယ့်ရဲ့ Skin Care Step တွေကိုနေ့တိုင်း ဘယ်လိုဂရုစိုက်ဖို့လိုအပ်လဲ ဆိုတာမျှဝေပေးချင်ပါတယ်။

မျက်နှာသစ်ပါ

တစ်နေ့တာ အပြင်တွေသွားပြီး လေထုကစုပ်ယူထားတဲ့ မျက်နှာပေါ်က အညစ်အကြေးတွေကို အိပ်ရာဝင်ချိန်မတိုင်ခင် မျက်နှာသစ်ပေးသင့်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပန်း မိတ်ကပ်လိမ်းထားရင် မိတ်ကပ်Remover နဲ့ဖျက်ဖို့လည်း မမေ့ပါနဲ့။

Toner သုံးပါ

Toner ကဆားဝက်ခြံကိုဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်ကျယ်တာကို သက်သာစေပါတယ်။ Toner သုံးတဲ့အခါမှာ Cotton Pad လေးနဲ့သုံးပေးတာပိုကောင်းပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Toner အမျိုးအစားကိုမမှားအောင်ရွေးချယ်စေချင်ပါတယ်။

Eye Cream လိမ်းပါ

အသက် ၂၅ ကျော်ရင် Eye Cream ကပုံမှန်သုံးပေးသင့်တဲ့ အသက်အပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာတော့ မျက်ကွင်းညိုတာက အရမ်းကြီးမသိသာပါဘူး။ကိုယ်က Computer Screen, Phone Screen အရမ်းကြည့်တဲ့သူဆိုပိုသုံးပေးသင့်ပါတယ်။

Treatment ပုံမှန်လုပ်ပါ

Treatment လုပ်ပါလို့ပြောတဲ့အခါမျိုးမှာ မိန်းကလေးတော်တော်များများကဆိုင်မှာ သွားပြီးပေါင်းတင်တာမျိုးလို့ထင်နေကြပါတယ်။ တကယ်က တစ်ပတ်တစ်ခါ Treatment လုပ်တဲ့အခါမျိုးမှာ သဘာဝပေါင်းတင်းနည်းတွေနဲ့လည်းလုပ်လို့ရပါတယ်နော်။

Photo Source – Free .pik