အိမ်တွင်းအောင်းရင်းနဲ့ တဖြည်းဖြည်း ငြီးငွေ့စရာကောင်းလာပြီလား။ သူငယ်ချင်းတွေနဲ့ Video Call တွေနဲဲ့  Online Party လုပ်ရင်လည်း အားလုံးကြားမှာ ကိုယ်ကလှနေဖို့တော့ လိုအပ်တယ်နော်။ အဓိကအားဖြင့် အိမ်မှာနေရင်း Make Up လိမ်းတဲ့အတွက် မျက်လုံးအသားပေးတဲ့ Make Up Look လေးတွေက ပိုပြီးလိုက်ဖက်ပါတယ်။ ဥပမာ မျက်လုံးအရောင်ကို Crazy Color ခြယ်သတာမျိုးဖြစ်ဖြစ်၊ Eyeliner ကိုလည်း ပုံမှန်ဆိုးနေကျ အမဲရောင်မျိုးမဟုတ်ပဲ အပြာရောင်တို့၊ အစိမ်းရောင်တို့ ဆွဲကြည့်ပါနော်။ ကိုယ်က Insta Look လေးတွေကြိုက်တယ်ဆိုရင် Bling ဖြစ်တဲ့ပုံစံမျိုးကို မရွေးချယ်ပဲ Fake Freckles လေးတွေ ကိုသာလုပ်ကြည့်ပါနော်။ အပျင်းလည်းပြေပြီး ကိုယ့်ပုံစံလေးက Foreign ဆန်သွားစေမှာပါနော်။ ကိုယ့်စိတ်ကြိုက် Make Up Look လေးတွေလိမ်းခြယ်ပြီး သွားရင်တော့ ခပ်မိုက်မိုက် ဓာတ်ပုံလေးတွေ ရိုက်ဖို့မမေ့နဲ့နော်။


Photo Source – Pinterest