Eyeshadow လိမ်းတာက လွယ်မလိုလိုနဲ့ တကယ် လက်ရာပြောင်မြောက်တဲ့ Eyeshadow ပုံစံ ရဖို့တော့ ခက်ခဲတတ်ပါတယ်။ ခြယ်လိုက်တိုင်း ပုံတစ်မျိုးတည်း ထွက်လာတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်လိုက်လုပ်ရ လွယ်ကူစေမယ့် ကိုးရီးယားမလေးတွေရဲ့ Eye Makeup ခြယ်နည်းတွေကို ဖော်ပြပါရစေ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

Eyeshadow မခြယ်ခင် အရေးအကြီးဆုံး လိုအပ်တာကတော့ မှန်ကန်တဲ့ Brush တွေ ဖြစ်ပါတယ်။ သင်ခြယ်ဖို့ ရည်ရွယ်ချက်အလိုက် အရည်အသွေးကောင်းတဲ့ Brush တွေကို ဆောင်ထားဖို့ လိုပါမယ်။

သင်သဘောကျတဲ့ Eyeshadow အရောင်တွေပါတဲ့ Palette ကို ရွေးချယ်ကာ မခြယ်ခင် ပထမဆုံး Base Eyeshadow သုံးပေးရပါမယ်။ အောက်ခံ Eyeshadow ခြယ်ပြီးမှ သင်ခြယ်ချင်တဲ့ အရောင်ကို ခြယ်သင့်ပါတယ်။

မျက်လုံးအဆုံး အနက်ရောင် အရောင်နက်တာ ခြယ်ပေးတာက အလင်းရောင်ထဲ သင့်မျက်လုံးကို ပိုတောက်ပစေပါတယ်။

Eyeshadow ခြယ်ပြီးနောက် Eyeliner ခြယ်ပေးဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။ Eyeliner ကို မှန်မှန်ကန်ကန် ခြယ်နိုင်မယ်ဆိုရင် သင့် မျက်တောင်တွေကို ပိုထင်းစေပါတယ်။

အရောင်တောက်တောက်တွေနဲ့ ပုံတွေထဲကလို ခြယ်ပေးသင့်ပါတယ်။ အရောင်တောက်တာက သင့်ကို ငယ်တဲ့အသွင် ပိုင်ဆိုင်စေပြီး ပိုလှစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar