ကော်ဖီဟာ ဆံကေသာကို ပျော့ပြောင်းသန်စွမ်းစေပြီး ဆံပင်ကိုအရှည်မြန်စေဖို့အတွက် အားဖြည့်ပေးပါတယ်။ ဆံပင်ပါးတဲ့သူတွေ ဆံပင်ကြမ်းတဲ့သူတွေအတွက် ကော်ဖီမှုန့်ဟာ သုံးရတာအဆင်ပြေပါတယ်။

ကော်ဖီကို ဆံပင်ပေါင်းတင်ဖို့အတွက်

ပါဝင်ပစ္စည်းတွေက

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ပျားရည် ၊ သံလွင်ဆီနဲ့ ကော်ဖီမှုန့်တို့ကိုထည့်ပြီး သေချာမွှေပေးပါ။ ပြီးရင်ဦးရေပြားပေါ်လိမ်းပေးပြီး နှံ့စပ်အောင် လက်နဲ့သေချာဖိပေးပါ။

မိနစ် ၂၀ လောက်ထား အခြောက်ခံပြီး ရေအေးနဲ့ဆးချပါ။

တစ်ပတ်ကို ၂ ကြိမ်ပုံမှန်လုပ်ပါ။ တစ်လလောက်ဆိုရင် ထူးခြားတဲ့ရလဒ်ကိုရရှိစေမှာဖြစ်ပါတယ်။

သံလွင်ဆီရဲ့ အကျိုးအာနိသင်

သံလွင်ဆီမှာ Fatty Acid တွေပါဝင်ပြီး ဆံပင်ပေါက်တဲ့ Follicles လေးတွေကို သန်မာစေပါတယ်။ ဒါ့ကြောင့် ဆံပင်ပြတ်တာ နှစ်ခွဖြစ်တာကနေကာကွယ်ပေးပြီး ဆံပင်ထူစေပါတယ်။

ပျားရည်ရဲ့ အကျိုးအာနိသင်

ပျားရည်ဟာ သဘာဝအတိုင်း ဆံကေသာကို စိုပြေစေပါတယ်။ ဆံပင်ကိုအဟာရဓါတ်ပေးနိုင်ပြီး ပျော့ပြောင်းသန်စွမ်းစေပါတယ်။

ကော်ဖီမှုန့်ရဲ့ အကျိုးအာနိသင်

ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓါတ်ဟာ ဦးရေပြားတွင်းသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆံပင်ပေါက်တဲ့ follicle လေးတွေကို သန်မာစေလို့ ဆံပင်ကိုအရှည်မြန်ပြီး သန်မာစေပါတယ်။