ဆံပင်က အရင်လိုမကောင်းတော့ဘဲ ကျိုးကြေတာ ၊ ကြွပ်ဆတ်တာ ၊ အဖျားနှစ်ခွဖြစ်နေတာတွေ ဖြစ်နေပြီဆိုရင် Hot Oil Treatment လုပ်ကြည့်ပါ။ Hot Oil Treatment ဆိုတာက ဆံပင်ပျက်စီးတာကို သက်သာစေသလို အဆီက ဆံပင်ကိုလည်း အစိုဓာတ်ပေးနိုင်တာမလို့ အကျိုးအများကြီးရှိနိုင်ပါတယ်။

ဒါကတော့ အိမ်မှာကိုယ်တိုင် Hot Oil Treatment လုပ်ချင်တဲ့သူတွေအတွက် လုပ်နည်းအဆင့်ဆင့်ပါ။

Hot Oil Treatment မလုပ်ခင် အရင်ဆုံး သုံးမယ့်ဆီအမျိုးအစားကို ရွေးပါ။ ထောပတ်ဆီ ၊ သံလွင်ဆီ ၊ အုန်းဆီ ၊ ဗာဒံစေ့ဆီနဲ့ Jojoba oils စတဲ့ဆီတွေက ဆံပင်အတွက် ကောင်းတဲ့ဆီတွေပါ။

ခေါင်းလျှော်ပါ ။ ဒါမှ Hot Oil Treatment က ကောင်းကောင်းအလုပ်လုပ်မှာပါ။

ဆီ ၃ ဇွန်း သို ၆ ဇွန်းကို ပန်းကန်လုံးထဲထည့်ပြီး Microwave ထဲမှာ ၁၀ စက္ကန့်ကြာအောင်ထားပါ။

ပြီးမှ ဉီးရေပြားနဲ့ဆံပင်ကို စုတ်တံသုံးပြီး လိမ်းပေးပါ။ ဆံပင်အနှံ့ ညီညီညာညာ လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ မလိမ်းခင် အရမ်းမပူအောင် အရင်စမ်းသပ်ပါ။

ခေါင်းကို Shower Cap နဲ့အုပ်ပြီး မိနစ် 20 အထိစောင့်ပါ။ မိနစ် 20 လောက်ထားပြီးမှ ခေါင်းလျှော်ပြီး ပုံမှန်အတိုင်း Conditioner နဲ့ လိမ်းပေးပါ။