သင့်မျက်နှာက သွယ်နေတာလား ၊ ဘဲဥပုံလား ? ဆံပင်ညှပ်မယ်ဆိုရင် ကိုယ့်မျက်နှာကျတဲ့ ပုံသဏ္ဌာန်နဲ့ လိုက်ဖက်တဲ့ Hair Design ကို ညှပ်တတ်ရင် အကောင်းဆုံး ပုံထွက်ပါတယ်။ ဒါဆို သင့်ရဲ့ မျက်နှာပုံစံ Face Shape ထဲ ဘယ်ထဲမှာ ပါသလဲ။ ဘယ်လို သိနိုင်မလဲ။

အရင်ဆုံး ကိုယ့်ဆီမှာ ပေကြိုးတော့ လိုပါတယ်။

အဆင့် (၁) နဖူးကို တိုင်းပါ

နဖူးကတော့ မျက်နှာပုံစံကို တိုင်းချိန်မှာ စတင်ဖို့ အကောင်းဆုံးပါပဲ။ တိုင်းမယ်ဆိုရင် နဖူးရဲ့ အကျယ်ဆုံးအပိုင်းက စပြီး တိုင်းရမှာပါ။ ဘယ်နေရာမှာ တိုင်းရမှာလဲ ဆိုရင် မျက်ခုံးနဲ့ နဖူးဆံပင်စပ်အကြား အလယ်ထက်ဝက်ကနေ စပြီး တိုင်းတာရမှာ ဖြစ်ပါတယ်။

အဆင့် (၂) ပါးရိုးကို တိုင်းပါ

နှာခေါင်းရိုး အလယ် ၊ မျက်လုံးနဲ့ နှာခေါင်းထိပ်အကြားနေရာမှာ တိုင်းပါ။ ဘယ်အထိ တိုင်းရမလဲဆိုတော့ မျက်လုံးအိမ်တွေရဲ့ အနားသတ် အဆုံးထိ ဖြစ်ပါတယ်။ ပြီးရင်တော့ အကွာအဝးကို မှတ်စုစာအုပ်ထဲမှာ လက်မစိတ်ကအစ ချရေးထားပါဦး။

အဆင့် (၃) မေးရိုး တိုင်းပါ

ဘေးနှစ်ဘက်က မေးရိုးကျမှုဟာ မျက်နှာပုံစံသိဖို့ အလွယ်ဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မေးစေ့ အလယ်ကနေ နားရွက်အောက်ကို မျဉ်းဖြောင့်ပုံစံတိုင်းပါ။ မေးရိုးနှစ်ဘက်အတွက်ဆိုတော့ တစ်ဘက်ကို တိုင်းတာနဲ့ ကျန်တဲ့ တစ်ဖက်ရဲ့ အတိုင်းအတာကိုလည်း သိရပြီ ဖြစ်ပါတဘ်။

အဆင့် (၄) မျက်နှာအလျားကို တိုင်းပါ

လေးထောင့်မျက်နှာ Rectangle Face နဲ့ စတုရန်းပုံစံမျက်နှာ Square face ရဲ့ ခြားနားချက်က နှစ်လက်မ ဖြစ်ပါတယ်။ မျက်နှာအလျား တိုင်းမယ်ဆိုရင် နဖူးဆံစပ် အလယ်ခေါင်ကနေ မေးစေ့အလယ်ခေါင်အောက်ခြေအထိ အကွာအဝေးကို တိုင်းဖို့ လိုပါတယ်။

Oval Shape လို့ ခေါ်ဲ့ ဘဲဥပုံမျက်နှာပိုင်ရှင်တွေမှာတော့ Face Length ဟာ Cheekbones ရဲ့ အကျယ်ထက် ပိုကြီးပြီး နဖူး Forehead ဟာ မေးရိုး Jawline ထက် ပိုကျယ်ပါတယ်။ မေးရိုးရဲ့ ထောင့်တွေကလည်း ပြတ်သားမှုထက် လုံးဝန်းတဲ့ ဘက် ပိုဆန်ပါတယ်။

Square စတုရန်းပုံစံ မျက်နှာပိုင်ရှင်တွေမှာတော့ မျက်နှာအလျား ၊ ပါးရိုး ၊ မေးးရိုး နဲ့ နဖူးအကျယ်က အတူတူနီးပါး ဖြစ်ပြီး မေးရိုးထောင့်တွေဟာ တိကျပြတ်သားပြီး ထောင့်ပိုဆန်ပါတယ်။

Rectangle လေးထောင့်စတုဂံမျက်နှာပိုင်ရှင်တွေမှာ Face Length က ကြီးပြီး နဖူးအကျယ် ၊ မေးရိုးနဲ့ ပါးရိုးတွေဟာ တစ်ရွယ်တည်းလို ဖြစ်နေပါတယ်။

Round လုံးဝန်းတဲ့ မျက်နှာပုံစံမှာ နှာခေါင်းရိုးအလျားနဲ့ မျက်နှာအလျားက ဆင်ပါတယ်။ ဒီအတိုင်းအတာဟာ တစ်ခုနဲ့ တစ်ခု အတိုင်းအတာချင်းဆင်တဲ့ နဖူးနဲ့ မေးရိုးအတိုင်းတွေထက် ပိုကြီးပါတယ်။ မေးထောင့် မသိသာပါဘူး။

Diamond စိန်ကွက်ပုံစံ မျက်နှာပိုင်ရှင်တွေရဲ့ မျက်နှာမှာ Face Lengthက အကြီးဆုံး ဖြစ်ပြီး ဒီနောက်မှာတော့ နှာခေါင်းရိုးက ပိုကြီးပြီး သူ့နောက်မှာ နဖူးပြင်ရဲ့ အကျယ်က နောက်က လိုက်ပါတယ်။ ပါးရိုးအလျားက အသေးဆုံးပါပဲ။

Heart အသည်းပုံစံ မျက်နှာသမားတွေမှာ ပါးရိုးနဲ့ မေးရိုးထက် နဖူးပြင်ရဲ့ အကျယ်က ပိုကြီးပါတယ်။ မေးချွန်ပါတယ်။

Triangular တြိဂံမျက်နှာပိုင်ရှင်တွေရဲ့ မေးရိုးလိုင်းတွေဟာ နှာခေါင်းရိုးအလျားထက် ပိုကြီးပါတယ်။ နှာခေါင်းရိုးအလျားက နဖူးရဲ့ အလျားထက် ပိုပြီး ကြီးနေပါတယ်။