မိန်းကလေးတော်တော်များများက ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းသေးသေးလေးတွေက အစလှချင်တတ်ကြပါတယ်။ ခေတ်မှီလာနဲ့အမြဲ ကိုယ့်ရဲ့အလှတရာကို ကိုယ့်စိတ်ကြိုက်ပုံဖော်လို့လည်း ရနေတဲ့ခေတ်ကြီးဖြစ်နေပါပြီနော်။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေထဲကမှာ မျက်နှာကိုပြုပြင်တာရှိမယ်၊ ဆံပင်ပုံစံကိုပြောင်းလဲချင်တာမျိုးရှိမယ် စသည်ဖြင့်အမျိုးမျိုးပိုလှအောင် ပုံဖော်တတ်ကြပါတယ်။ အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲကမှ ကိုယ်အရမ်းကြိုက်ပြီး ပြုပြင်ရတာကိုကြိုက်ကြတဲ့သူတွေလည်းရှိတယ်။ ဥပမာ ဒီတစ်ယောက်က ဆံပင်အရောင်ခဏခဏပြောင်းရတာကိုကြိုက်တယ်၊ မျက်နှာအလှတွေပြင်ရတာကြိုက်တယ်၊ ခြေသည်းလက်သည်းလေးတွေ အရောင်မျိုးမျိုးဆိုးကြည့်ရတာကို ကြိုက်တယ် စသည်ဖြင့်မျိုးစုံကွဲပြားလေ့ရှိကြပါတယ်။ ဒီလိုမျိုးပြောင်းလဲနေရရင်တော့ မိန်းကလေးတွေရဲ့ စိတ်ကပျော်ရွှင်နေတတ်ကြပါတယ်။အလှတရားရဲ့ပြောင်းလဲမှုက လူတစ်ယောက်ကို စိတ်အပန်းဖြေစေနိုင်သလို စိတ်ကျေနပ်မှုလည်း ပေးစွမ်းနိုင်ပါတယ်။

လက်သည်းအရောင်တွေကလည်း ဆိုးနေကျအရောင်တွေကနေပြောင်းလဲပြီး ဆိုးကြည့်ချင်တယ် ဘာအရောင်ဆိုးရမှန်းလဲမသိဘူး စဥ်းစားရခက်နေတယ် တွေဝေနတယ်ဆိုရင်တော့ အခုမင်မင်အကြံပေးတဲ့အရောင်ဆန်းလေးတွေ ဆိုးကြည့်ဖို့အကြံပေးချင်ပါတယ်။ အရောင်ဆန်းဆန်းလေးတွေကလည်း ကိုယ်ရဲ့စိတ်ခံစားချက်ကို တစ်မျိုးလေးပေးစွမ်းနိုင်ပါတယ်။ ကိုယ်မလုပ်ဖူးတဲ့ အလုပ်တစ်ခုကို လုပ်ကြည့်တဲ့သဘောလိုပေါ့။ ဒါမှမဟုတ်ကိုယ်က အရောင်တောက်တောက်ကြီးတွေက ဒီအတိုင်းကြီးလက်သည်းအခွံတစ်ခုလုံးဆိုးရတာကို မကြိုက်ဘူးဆိုရင်တော့ ပုံစံအဆန်းလေးတွေကို လုပ်ကြည့်စေချင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကာလာတွေကလည်း မရေမတွက်နိုင်လောက်အောင် များပြားလာတဲ့အတွက် ဆိုင်မှာဆိုးမယ်ဆိုရင်တော့ ကိုယ့်တကယ်ကြိုက်တဲ့ ကာလာမျိုးကိုအရွေးမမှားဖို့လည်း လိုအပ်ပါတယ်နော်။


Photo Source – Free.pik