ရာသီလာတဲ့အချိန် ကိုက်ခဲမှုကို အချို့မိန်းကလေးတွေက ခံစားရသလို အချို့တွေကတော့ ဘယ်လိုမှ မခံစားရပါဘူး။ သင်က ရာသီလာတဲ့အချိန် နာကျင်ကိုက်ခဲတတ်သူဆိုရင်တော့ ဒီနည်းလမ်းတွေက သင့်အတွက် အသုံးဝင်မှာပါ။ နည်းလမ်းတွေကတော့-

၁။ လေ့ကျင့်ခန်းလုပ်ပါ


လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်စေတဲ့ဟော်မုန်းကို ထုတ်ပေးတဲ့အပြင် အပူအပုတ်ကင်းစင်သွားတာမို့ ကိုက်ခဲတာ သက်သာစေပါတယ်။ ဒါပေမဲ့ အားအရမ်းသုံးရတဲ့ လေ့ကျင့်ခန်းတွေကိုတော့ ရှောင်ပေးပါ။

၂။ အပူ


ကိုက်ခဲတဲ့နေရာပေါ် အပူကပ်ပေးတာကလည်း နာကျင်မှုကို သက်သာစေပါတယ်။ အနွေးအိတ်နဲ့ ဖိပေးပါ။ ဒါပေမဲ့ ပူလွန်းတာမဖြစ်ဖို့တော့ သတိထားပေးပါ။

၃။ ချောင်ချိတဲ့အဝတ်အစားတွေ


တင်းကျပ်တဲ့အဝတ်အစားတွေက ဓမ္မတာလာချိန် နာကျင်မှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ချောင်ချိပြီး သက်တောင့်သက်သာရှိတဲ့အဝတ်အစားမျိုးဝတ်ပေးပါ။

၄။ အာရုံပြောင်းပါ


နာကျင်နေတဲ့နေရာကို သိပ်မစဉ်းစားဘဲ ကိုယ်ကြိုက်တဲ့အရာတွေ ကြိုးစားလုပ်ကြည့်ပါ။ ကိုယ့်အာရုံကို တခြားအရာတွေလုပ်ပြီး နာကျင်မှုကို လျှော့ချနိုင်ပါတယ်။

၅။ စားသောက်ပုံ


အဆီများတဲ့ အစားအသောက်တွေကို လျှော့စားပေးပါ။ အသီးအရွက်တွေ များများစားပေးပါ။

၆။ စိတ်အေးအေးထားပါ


ရာသီလာတဲ့အချိန် နာကျင်ကိုက်ခဲတတ်သူ ပျိုမေတွေအနေနဲ့ အပြည့်အဝအနားယူပေးပါ။ အိပ်ချိန်မှန်အောင်ထားပါ။ စိတ်ကို အေးချမ်းအောင် ထားပေးပါ။

Photo source: Pinterest

By MyStyle Myanmar