တခါတလေမှာ ကိုယ့်ချစ်သူကို သူငယ်ချင်းတွေက သဘောမကျတာမျိုးဖြစ်တတ်ပါတယ်။ သင့်အပေါ် သိပ်ကိုခင်တွယ်တဲ့ သူငယ်ချင်းတွေက သင်တခြားတစ်ယောက်ကို ဂရုပိုစိုက်တဲ့အခါမှာ မကျေမနပ် ဖြစ်လေ့ရှိတတ်ပါတယ်။

ဒါဆိုရင် သင်ဘယ်လိုဖြေရှင်းမလဲ။

၁။ သင့်ကိုဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပါ။

အရင်ဆုံး လုပ်ရမှာက သူတို့ဟာ သင့်ရဲ့သူငယ်ချင်းဖြစ်ပါတယ်။ သင့်ချစ်သူအကြောင်းကို မကောင်းပြောတဲ့အခါ အခုလို ကိုယ့်ကိုဂရုစိုက်လို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြောပြီး သင့်ရဲ့ ထင်မြင်ချက်တွေကိုလည်း ပြောလိုက်ပါ။ သင့်ရဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်စကားတွေက သူတို့ကို အံ့သြသွားစေမှာပါ။

၂။ သူတို့ ဘာဆက်ပြောမလဲဆိုတာ နားထောင်ပါ။

သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကိုပြောဖို့ လမ်းဖွင့်ပေးပါ။ သူတို့သင့်ချစ်သူအကြောင်း ဘာဆက်ပြောမလဲဆိုတာ နားထောင်ပေးပါ။

၃။ သူတို့သဝန်တိုတဲ့အကြာင်းပြောပါစေ။

တချိန်လုံးသူတို့ကို အချိန်ပေးနေတဲ့ သင်က တခြားကောင်လေးတစ်ယောက်အပေါ် အချစ်တွေပို ဂရုစိုက်နေရင် သင့်အပေါ် သူငယ်ချင်းတွေက သဝန်တိုမှာ နေချာပါတယ်။

၄။ သူတို့ရဲ့ အကူအညီယူပါ။

အမြဲတမ်းတော့ မဆိုလိုပါဘူး။ သင်တစ်နေရာသွားမယ်ဒါမှမဟုတ် တကူအညီတစ်ခုခုလိုတဲ့အခါမှာ သင့်ချစ်သူကိုပဲ အမြဲတမ်းမခေါ်ဘဲ သူတို့ကို တခါတလေခေါ်ခေါ်သွားပါ။

၅။ ပရဟိတလုပ်ငန်းတွေလုပ်တဲ့အခါ သင့်ချစ်သူကိုခေါ်လာပါ။

သူငယ်ချင်းတွေကို သင့်ချစ်သူက ဘယ်လောက်တော်တဲ့အကြောင်း သင့်အပေါ် ကောင်းတဲ့အကြောင်း သွယ်ဝိုက်ပြီး ပြောတဲ့အနေနဲ့ ပရိဟိတလုပ်ငန်းတွေအတွက် လုပ်အားပေးတဲ့အခါ သင့်ချစ်သူကိုခေါ်လာပါ။ သူတို့နဲ့ တဖြည်းဖြည်းရင်းနှီးအောင်လုပ်ပါ။

၆။ မလိုမုန်းတရားရှိတဲ့သူတွေကို ခေါင်းထဲကထုတ်ပါ။

သင့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေက သင့်ချစ်သူမကောင်းကြောင်းဘဲအမြဲပြောနေတယ်။ သင်တို့နှစ်ဦးကြားမှာ ကုန်းချေနေမယ်ဆိုရင်တော့ သင်ဆုံးဖြတ်ချက်တစ်ခုခု ချသင့်ပါတယ်။ အရင်းဆုံး သင်သူတို့ရဲ့ အပြုအမူထဲက ဘယ်အရာကို သဘောမကျကြောင်းသေချာရှင်းပြပါ။ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ သင်ဆုံးဖြတ်ချက်ချလိုက်ပါ။