Instagram ပေါ်က ကောင်မလေးတွေမျိုး ပြေပြေလေးနဲ့လှနေတဲ့ Beach Wave လေး လိုချင်ဖူးလား ? မခက်ပါဘူး။ အိမ်မှာ ဖြောင့်စက်ရှိရုံနဲ့တင် သိပ်လှတဲ့ ဆံပင်အကောက်လေးတွေကို ကိုယ်တိုင် လုပ်လို့ရပါတယ်။

အဆင့် 1: Heat Protectant ဖြန်းပေးပါ

ဆံသားအဆီပြန်တာ ဒါမှမဟုတ် ပျက်စီးတာကနေကာကွယ်ဖို့ အပူဒဏ်ကို ကာကွယ်တဲ့ ဖြန်းဆေး အရင်ဖြန်းပေးပါ။

Step 2: ဆံပင်ကို ဖြောင့်စက်နဲ့လိပ်ပေးပါ

ညာဘက်ခြမ်း လည်ဂုတ်နဲ့ အနီးဆုံးက ဆံပင်ကို အရင်ယူပြီး ဖြောင့်စက်နဲ့ဆွဲလိုက်ပါ။ အဖျားနားရောက်ရင် ဖြောင့်စက်ကို လိပ်လိုက်ပါ။ ဆံပင်အကုန်လုံးကို နည်းနည်းချင်းယူပြီး လိပ်ပေးပါ။

Step 3: အကုန်လုံးကို လိပ်ပေးပါ

ခေါင်းထိပ်နဲ့ ပိုနီးတဲ့ နေရာနားရောက်ရင် ဆံပင်ကို တဝက်လောက်က လိပ်ပေးပါ။

Step 4: ညာဘက်အရှေ့ဆံပင်ကို လိပ်ပေးပါ

အရှေ့နားက ဆံပင်တွေကိုလည်း ချန်မထားဘဲ ဒီအတိုင်းလိပ်ပေးပါ။

Step 5: အတူတူလိပ်ပေးပါ

ညာဘက်ခြမ်းပြီးသွားရင် ဘယ်ဘက်ခြမ်းကဆံပင်ကိုလည်း ဒီပုံစံအတိုင်းလိပ်ပေးပါ။

Step 6: ဘယ်ဘက်အရှေ့ဆံပင်ကို လိပ်ပေးပါ

ညာဘက်မှာလိပ်သလိုဘဲ ဘယ်ဘက်အရှေ့ဆံပင်ကိုလည်း လိပ်ပေးပါ။

Step 7: Hairspray ဖြန်းပေးပါ

အားလုံးပြီးသွားပြီဆိုရင် ကောက်သားတွေကြာကြာခံဖို့ နောက်ဆုံးအဆင့်မှာ Hairspray ဖြန်းပေးပါ။