မင်္ဂလာပါပျိုမေတို့ရေ။ မျက်တောင်မွှေးထူထူနဲ့ ရှည်ရှည်ကော့ကော့လေး ပိုင်ဆိုင်ချင်ပါသလား။ မျက်တောင်မွှေးထူထူရဖို့တွက် မျက်တောင်ကော့တံ Mascara ကို ဆရာကျအောင် ဘယ်လိုသုံးရမလဲဆိုတာ ဒီတခါမျှဝေပေးသွားမှာမို့ ပျိုမေတို့ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦးနော်။

မျက်တောင်ကော့တံကို အပူပေးလိုက်ပါ

မျက်တောင်ကော့တံကို ဆံပင်လေမှုတ်တဲ့ စက်နဲ့ မှုတ်ပေးလိုက်ပါ။ ပြီးရင် အေးအောင်ထားပြီး မျက်တောင်ကော့ပေးပါ။ မျက်တောင်ပိုကော့သွားတာ သတိထားမိပါလိမ့်မယ်။

မျက်တောင်ကော့တံကို ဒီလိုကိုင်ပါ

မျက်တောင်ကော့တံကို အခု ပုံမှာ ပြထားသလိုမျိုး ကိုင်ပြီး အသုံးပြုပါ။

Baby Powder

မျက်တောင်ပိုပြီးကော့စေဖို့နဲ့ ပိုပြီး ထူလာစေဖို့အတွက် Baby Powder ကိုအသုံးပြုပေးနိုင်ပါတယ်။

ကော်ဇွန်းကိုသုံးပါ

မျက်တောင်မွှေးအောက်ဖက်ကို Mascara ဆိုးတဲ့အခါမပေသွားစေဖို့ ကော်ဇွန်းနဲ့ အခုလို အသုံးပြုနိုင်ပါတယ်။

တကယ်လို့ မျက်တောင်ကော့ဆေး ပေသွားရင်

Mascara ပေသွားခဲ့ရင် ခြောက်အောင်ထားပြီး နားကြပ်တံက ဂွမ်းစကို ရေနည်းနည်းစွတ်ကာ ဖျက်ပေးလိုက်ပါ။