နာကျင်မှုက သင့်ကို သန်မာစေပြီး မျက်ရည်တွေကတော့ သင့်ကို ရဲရင့်စေပါတယ်။ အသည်းကွဲခြင်းကတော့ သင့်ကို အမြော်အမြင်ရှိအောင် သင်ကြားပေးပါတယ်။ ပိုကောင်းမွန်တဲ့ အနာဂတ်တွေကို ဖန်တီးပေးတဲ့အတွက် အတိတ်က နာကျင်မှုတွေကို ကျေးဇူးတင်လိုက်ပါ။ ဒါပေမဲ့ အသည်းကွဲလို့ ငိုကြွေးခံစားရတာထက် စာရင် အသည်းမကွဲအောင် နေတာက ပိုကောင်းပါတယ်။ အသည်းမကွဲဖို့အတွက် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ….

၁။ စိတ်ခံစားချက် မပြင်းထန်ပါစေနဲ့

Photo Source: www.videoblocks.com

ပိုချစ်တဲ့လူက ပိုခံစားရလေပါပဲ။ ဒါ့ကြောင့် တစ်စုံတစ်ယောက်ကို တွယ်တာပြီး သံယောဇဉ်တွေ အများကြီး မထားလိုက်ပါနဲ့၊ စိတ်နှစ်ပြီး မချစ်လိုက်ပါနဲ့။

၂။ အခြေအနေကို လက်ခံပါ

Photo Source: www.hechizosamarresyamor.com

ဖြစ်လာတဲ့ အကျိုးအကြောင်းအဆိုးအကောင်း မှန်သမျှကို လက်ခံလိုက်ပါ။ သင်နဲ့ သင်ချစ်သူက ဖူးစာပါလာခဲ့ရင်တော့ တစ်ချိန်ချိန်မှာ ပေါင်းဖက်ရမှာပါ။ ဖူးစာမပါလာခဲ့ရင်လည်း ဖြစ်လာတဲ့ အခြေအနေကို စောစောစီးစီးလက်ခံထားလိုက်မယ်ဆိုရင် သင့်ကိုယ်သင် အသည်းကွဲခြင်းမှ ကယ်တင်နိုင်ပါတယ်။

၃။ သင်လိုချင်တဲ့အရာကို ကွဲကွဲပြားပြား သိပါစေ

သင့် အိမ်ထောင်ဘက်က ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံရမလဲဆိုတာကို သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ ကိုယ့်ကို ချစ်ရေးဆိုလာတဲ့သူမှာ ကိုယ်လိုချင်တဲ့ အရည်အချင်းတွေ မရှိရင် လက်မတွဲလိုက်ပါနဲ့။ ဒါမှလည်း လမ်းခွဲတာတွေ အသည်းကွဲဝေဒနာတွေကို မခံစားရမှာပါ။

၄။ သင့်နဂိုပုံစံအတိုင်းလေးပဲနေပါ

Photo Source: www.istockphoto.com

ဘယ်သူ့အတွက်နဲ့မှ သင့်ကိုယ်သင် မပြောင်းလဲလိုက်ပါနဲ့။ သမီးရည်းစားဆက်ဆံရေးမှာ ဘယ်လိုပဲ အဆင်မပြေမှုတွေ ကြုံနေပါစေ၊ သင့်ရဲ့ပင်ကိုပုံစံအတိုင်းလေးပဲနေပါ။ အဆင်မပြေဘူးဆိုရင်လည်း သင်တို့နှစ်ယောက်က ဖူးစားမပါလာခဲ့ဖူးလို့ပဲ မှတ်ယူလိုက်ပါ။

၅။ ကိုယ့်ကို ဘယ်လိုသဘောထားဆက်ဆံလဲဆိုတာ အကဲခတ်ပါ

သင့်ချစ်သူက သင့်ကို လေးလေးစားစားဆက်ဆံရဲ့လား၊ ရန်ဖြစ်စကားများတိုင်း ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတွေ ရှိရင်တော့ သင်တို့နှစ်ယောက်ရဲ့ အနာဂတ်က ဘယ်လိုမှ မသာယာနိုင်ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ကူညီဖေးမမှုရှိဖို့လိုအပ်ပါတယ်။

၆။ ဝဋ်ကြွေးကုန်ဆုံးသွားပြီလို့ပဲ မှတ်ယူလိုက်ပါ

အဆင်မပြေတာတွေရှိလို့ လမ်းခွဲခဲ့ရင်တောင် မိမိကိုယ်ကို အပြစ်မတင်ပါနဲ့။ သူ့အပေါ်မှာ ကိုယ်လုပ်ပေးခဲ့တဲ့ ကောင်းတဲ့အရာလေးတွေကိုပဲ အမှတ်တရထားခြင်းဖြင့် အသည်းကွဲဝေဒနာကို ကာကွယ်လိုက်ပါ။