Jeans ကြိုက်တဲ့သူတို့အတွက် ကိုယ့်ရဲ့ဂျင်းဘောင်းဘီအဟောင်းကို DIY လုပ်လို့ရမယ့် နည်းလေးကို ပြောပြချင်ပါတယ်။ Jeans ဘောင်းဘီတွေကို ဈေးကြီးပေးဝယ်ပြီးရင် ကြာလာလို့ အရောင်လွင့်ရင်တောင် နှမြောတတ်ပါတယ်။

ဘယ်လောက်ပဲ လျှော်နည်းတွေရှိရှိ Brand ပဲကောင်းကောင်း လျှော်ပါများရင်တော့ အရောင်ကျတတ်တာ သဘာဝပဲလေ။

ဒီလိုအခါတွေမှာ ဘာလုပ်သင့်လဲဆိုတော့ အရောင်မွဲသွားတဲ့ Jeans နှစ်ထည်ကို တစ်ထည်တည်းဖြစ်အောင် ပေါင်းချုပ် လိုက်ပြီးဝတ်လို့ရပါသေးတယ်။

ဒါမှမဟုတ်ဒီဇိုင်းရိုးသွားတဲ့ သင်မဝတ်ဖြစ်တော့တဲ့ ဘောင်းဘီတွေကိုပဲဖြစ်ဖြစ် ပိန်သွားလို့အရမ်းပွသွားတဲ့ ဘောင်းဘီတွေကိုပဲဖြစ်ဖြစ် လက်တည့်စမ်းကြည့်လိုရပါတယ်။

ဘယ်လို ဖြတ်ညှပ်ကပ်လုပ်သင့်လဲဆိုတော့ အရမ်းကြီး မပွမရှည် အနေအထားဖြစ်ဖို့လိုပါတယ်။ ဒါမှလည်း ကြည့်ရတာမဆိုးမှာပေါ့။ ဘောင်းဘီအောက်နေ လက်မအနည်းငယ် ဖြတ်ပေးသင့်ပါတယ်။ အဲ့တာမှလည်း အခုခေတ်စားနေတဲ့ Denim ရဲ့ Cropped, Frayed-hem Jeans နဲ့သွားဆင်မှာပါ။

DIY လေးမလုပ်ခင် ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို အရင်ရှာပြီးမှလုပ်သင့်ပါတယ်။ ညှပ်မထုတ်ခင်လည်း ပိတ်စပေါ်မှာ မှတ်လို့ရတဲ့ မြေဖြူ နဲ့ အရာပေးပြီးမှ လုပ်သင့်ပါတယ်။ မသပ်မရပ်တွေဖြစ်ကုန်ရင် အကုန်ပျက်စီးသွားမှာပါ။

Frayed အနေအထားရဖို့ဆိုရင် ညှက်ပြီးရင်လည်း ဘောင်းဘီအနားသတ်တွေကို လိုက်ချုပ်စရာမလိုပါဘူး ကပ်ကြေးနဲ့အနားသတ်လေးညီအောင် Trim လုပ်ပေးရင်ရပါပြီ။