မင်္ဂလာပါ ပျိုမေတို့ရေ။ မျက်လုံးကို ပုံမှန်နဲ့ကွဲထွက်တဲ့ Smokey Eye Look ဆိုးတာက ထင်းထင်းလေးနဲ့ အထာကျတဲ့ Vibe မျိုးရစေပါတယ်။ ဒါပေမယ့် ဒီလို Look မျိုးက ခြယ်ပုံခြယ်နည်းမှားသွားတာနဲ့ ရုပ်ရင့်ပြီး ပင်ပန်းနေတဲ့ပုံပေါက်သွားနိုင်တာမို့ ပြင်တဲ့အခါ အရမ်းမထူသွားအောင် သတိထားရပါတယ်နော်။ ဒါကြောင့်မို့ Smokey Eye Look ကိုမှ Natural ဆန်ဆန်လေးနဲ့ လှနေဖို့ ပြင်ဆင်နည်းအကြောင်းကို ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။ လတ်တလောမှ Smokey Eye Look စပြင်မယ့်သူတွေအတွက် စမ်းကြည့်ဖို့ အဆင်ပြေသလို အမြင်လည်းမရိုင်းဘဲ Classic ဆန်နေမယ့် ပေ့ါပေ့ါပါးပါးလိမ်းနည်းလေးဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်-

ရိုးရှင်းတဲ့ Look ဖြစ်တာမို့ ပြင်ဖို့အတွက် အဆင့် သုံးဆင့်သာလိုပါတယ်နော်။ မိတ်ကပ်ပစ္စည်းလည်း သိပ်မလိုတာမို့ သင့်ကိုအကုန်အကျလည်း သက်သာစေမှာပါ။

ပထမအဆင့်အနေနဲ့ Cream Type ဖြစ်တဲ့ Eye Shadow ကို Matte ဖောက်တဲ့ အညိုရောင်လေးယူပြီး မျက်တောင်လမ်းကြောင်းနားကပ်ကာ လက်ချောင်းလေးတွေနဲ့ ဆိုးပါမယ်။ ဆိုးပြီးတဲ့အခါ သေချာဖြန့်ပေးပါ။


ဒုတိယအဆင့်အနေနဲ့ Smokey Look ရဖို့ အနက်ရောင်ခြယ်တဲ့အခါ သဘာဝဆန်ဆန်လေးဖြစ်အောင် အရည် Eyeshadow နဲ့ Liner တွေမသုံးဘဲ Pencil အနက်လေးနဲ့ပဲ မျက်လုံးဘေးနဲ့ မျက်ခွံအောက်နားတွေကို Liner လေးဖော်ပေးပါမယ်နော်။ ပထမအဆင့်က အောက်ခံဆိုးထားတဲ့ အညိုနဲ့လိုက်ဖက်မယ့် ကာလာမျိုးဆို ပိုကောင်းပါတယ်။


နောက်ဆုံးအဆင့်ကတော့ မျက်တောင့်ကော့တာပါ။ မျက်တောင်ကိုထင်းပြီး ရှည်ရှည်လေးရအောင် သုံးကြိမ်လောက် ဆင့်ပြီးကော့ပေးပါ။ မျက်တောင်တု ခပ်ပါးပါးပါ ထပ်ကပ်ပေးရင်ပိုလှပါတယ်။ သင့်မျက်ဝန်းကို သဘာဝဆန်ဆန်နဲ့ အထာကျတဲ့ Look မျိုးရစေပါလိမ့်မယ်။


ဒီအထိပြီးရင်တော့ မျက်ခုံးထင်းထင်းလေးဆွဲပြီး ကိုယ်လိမ်းမယ့် Makeup Look လေးနဲ့ပေါင်းလိုက်မယ်ဆိုရင် လိုက်ဖက်ပြီး သဘာဝဆန်တဲ့ Smokey Eye Look လေးရသွားပါပြီ။

Photo Source: Pinterest, preview.ph

By MyStyle Myanmar