အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အနုပညာရှင်တွေလို မိတ်ကပ်မလိမ်းထားတဲ့ ပုံစံမျိုးနဲ့ လှနေစေဖို့အတွက် ဘယ်လိုမျိုး လုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အသားအရေဘယ်လောက်ကောင်းကောင်း မိတ်ကပ်လိမ်းနည်းမမှန်ဘူးဆိုရင် No Make Up Look ရဖို့ ခက်ခဲပါတယ်။

ဆိုတော့ မိတ်ကပ်မလိမ်းထားသလိုနဲ့ သဘာဝကျကျလေး လှနေစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

၁။ အသားအရေကို ရေဓာတ်ဖြည့်တင်းပါ

မိတ်ကပ်လိမ်းတဲ့အခါ မဖြစ်မနေ လုပ်ရမယ့် အချက်ကတော့ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးဖို့ပါပဲ။ ရေဓာတ်ဖြည့်ပေးပြီးမှ မိတ်ကပ်လိမ်းပေးသင့်ပါတယ်။

ဒါ့ကြာင့် မိတ်ကပ်မလိမ်းခင် တိုနာအရင်လိမ်းပြီး Moisturizer လိမ်းပေးပါ။

၂။ မိတ်ကပ်မလိမ်းခင် ဂျေး မချွတ်ပါနဲ့

မိတ်ကပ်မလိမ်းခင် မျက်နှာသစ်တာမျိုးလုပ်နိုင်ပါတယ်။ ဒါပေမယ့်သကြား၊ ဆား စတာတွေနဲ့ ဂျေး ချွတ်တာမျိုးမလုပ်ပါနဲ့။

၃။ Primer လိမ်းဖို့ မမေ့ပါနဲ့

မိတ်ကပ်လိမ်းတဲ့အခါ Primer လိမ်းပေးဖို့လိုပါတယ်။ အသားအရေပေါ်က ချွေးပေါက်ကိုမသိသာအောင် ကူညီပေးပြီး မိတ်ကပ်ကို ကြာရှာခံစေပါတယ်။

၄။ ဖောင်ဒေးရှင်းပါးပါးလိမ်းပါ

မိတ်ကပ် ဖောင်ဒေးရှင်းကိုခပ်ပါးပါးလေးပဲ လိမ်းပေးပါ။ အများကြီးလိမ်းရင် မိတ်ကပ်သားထူသွားနိင်ပါတယ်။ မျက်လုံးနားမှာနည်းနည်း၊ ပါးပြင်နားနားနည်းနည်း၊ နှာခေါင်း၊ နဖူး၊ မေးစေ့ စတာတွေမှာ နည်းနည်းစီတင်ပြီး သေချာ Blend လုပ်ပေးပါ။

၅။ မှန်ကန်တဲ့ Concealer Brush ကိုရွေးချယ်ပါ

မိတ်ကပ်လိမ်းတဲ့အခါ Brush သုံးတာကလည်း အရေးပါလှပါတယ်။ အထူးသဖြင့် Concealer လိမ်းတဲ့အခါ သေချာလေး Blend ဖြစ်သွားဖို့ သိပ်လည်းမထူ သပ်လည်းမပါးတဲ့ Brush ကို ရွေးချယ်ပါ။

၆။ ပေါင်ဒါကို ပါးပေါ်မတင်ခင် နည်းနည်းလေး ခါလိုက်ပါ

ပေါင်ဒါကို ပါးပြင်ပေါ် မတင်ခင်မှာ Brush ပေါ်အရင်တင်ပေးပြီး အမှုန့်တွေကို အနည်းငယ် ခါချလိုက်ပါ။ ပြီးမှ လိမ်းပေးလိုက်ပါ။

၇။ အညိုရောင် မျက်ခုံးမွှေးဆွဲတံသုံးပါ

မျက်ခုံးမွှေးဆွဲတဲ့အခါ အညိုရောင်သုံးတာက ပိုကောင်းပါတယ်။ ဒါမှ သင့်ကို ပိုပြီး နုပျိုစေပါတယ်။

၈။ နှုတ်ခမ်းနီကို အရောင်နုနု စိုစိုလေးဆိုးပေးပါ

နှုတ်ခမ်းနီဆိုးတဲ့အခါ အရောင်နုနုလေးနဲ့ အရောင်စိုတာလေး ဆိုးပေးပါ။ ဒါမှ သဘာဝကျကျလေးနဲ့ လှနေမှာဖြစ်ပါတယ်။

Source: www.beautyofgirl.com

By: MyStyle Myanmar