ချစ်သူစုံတွဲတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းတွေ့ချင်မြင်ချင်နေကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ တစ်ခါဒိတ်ဖို့အရေး ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားရတာလည်း အလုပ်တစ်ခုလိုဖြစ်နေပါတယ်။

ဒါဆိုရင် အကုန်အကျလည်းမများအောင် စိတ်ကူးယဉ်ဆန်ဆန်လေးလည်းဖြစ်အောင် ဒိတ်ပုံဒိတ်နည်းလေးတွေရှိတယ်ဆိုရင် စိတ်ဝင်စားကြရဲ့လား။

ဂိမ်းအတူတူဆော့ကြမယ်

Source: Shopee

ကွန်ပျူတာဂိမ်း၊ ဖုန်းထဲက ဂိမ်းတွေမဟုတ်ဘဲ အင်္ဂလိပ်စာလုံးဆက်တဲ့ဂိမ်းနဲ့ အခြားစိတ်ဝင်စားဖွယ်ရာဂိမ်းလေးတွေကို အားလပ်ရက်လေးမှာ နှစ်ယောက်သား ပျော်ပွဲစားထွက်ရင်း အတူတူဆော့လို့လည်း ရပါတယ်။

စက်ဘီးစီးထွက်ကြမယ်

Source: Motion Array

စက်ဘီးစီးတတ်တယ်ဆိုရင် တစ်ယောက်တစ်စီး စီးလို့လည်း ရသလို၊ ကိုယ့်ချစ်သူက ကိုယ့်ကို တင်နင်းရင်း နှစ်ယောက်အတူတူ လေညှင်းခံလို့လည်းရပါတယ်။ သာယာလှပတဲ့ရှုခင်းလေးကို ချစ်တဲ့သူနဲ့အတူတူကြည့်ခွင့်ရတာကလည်း ကံကောင်းခြင်းလို့ ဆိုရမှာပါပဲ။

အပြင်ထွက်မစားဘဲ အိမ်မှာပဲ အတူတူချက်စားကြမယ်

Source: YouWorkForThem

အပြင်မှာ ထွက်စားတဲ့အခါ အနည်းဆုံး တစ်သောင်းဝန်းကျင်တော့ ကျမှာပါ။ စူပါမားကတ်က စားစရာလေးတွေဝယ်ပြီး အိမ်မှာအတူတူပြင်ဆင်ချက်ပြုတ်မယ်ဆိုရင် မိမိစားချင်တာကို စိတ်ကြိုက်ပြင်ဆင်ချက်ပြုတ်လို့လည်းရသလို တစ်ယောက်အကြောင်းတစ်ယောက် ပိုသိကျွမ်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ပြတိုက် အတူတူသွားကြမယ်

Source: Denver Art Museum

ပြတိုက်ဝင်ကြေးကလည်း ဘယ်လောက်မှ မကုန်ကျတာမို့လို့ ပြတိုက်သွားရင်း ဒိတ်လို့လည်းရပါတယ်။ ပြတိုက်မှာ ဒိတ်ခြင်းအားဖြင့် ဗဟုသုတတွေလည်း တိုးပွားလာပါလိမ့်မယ်။

Gym အတူတူ သွားဆော့ရင်း ဒိတ်ကြမယ်

Source: Pinterest

ချစ်သူစုံတွဲတွေက သွားအတူ လာအတူ စားအတူဆိုတော့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရင်လည်း အတူတူပြုလုပ်လေ့ရှိပါတယ်။ လေ့ကျင့်ခန်း အတူတူလုပ်ရင်း ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ်တင်ပြီး Single သမားတွေ အားကျလာအောင်လည်း ပြုလုပ်နိုင်ပါသေးတယ်။