အဝတ်အစားတွေ ရှိနေပေမယ့် သိပ်မဝတ်ဖြစ်ဘဲ ပုံထားတဲ့အဝတ်အစားတွေများနေပြီလား။ ဒါမှမဟုတ် ဒီဇိုင်းကိုဝတ်ရတာသဘောမကျတော့လို့ ပြန်လည်ဆန်းသစ်ပြီး ဝတ်ချင်လား။ ဒါဆို Mystyle ကနေ နည်းလမ်းကောင်းတစ်ချို့ကို မျှဝေလိုက်ပါတယ်နော်။

တီရှပ်ကို ဒီလိုပြင်မယ်

ဇာအပွင့်ကို အိကျီ ၤလည်ပင်းနားမှာ ပြန်လည်အစားထိုးပြီး ပြုလုပ်မှာဖြစ်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းပုံကိုအသုံးပြုလို့ရပါတယ်။

လည်ပင်နောက်ဖက်ကို ဒီလို လေးထောင့်ပုံလေး ကပ်ပြီး ချုပ်လိုက်ပါ။

လည်ပင်းအရှေ့ကိုတော့ တြိဂံပုံစံလေး ကပ်ချုပ်လိုက်ပါ။

ပြီးသွားရင်တော့ အိင်္ကျ ီစကို ပုံအတိုင်း ညှပ်ဖြတ်လိုက်ပါ။

ဒီလိုလေးဖြစ်သွားပြီ ဒီဇိုင်းလေးကလည်း ပြောင်းသွားတော့ ဝတ်ရတာလည်း အသစ်လိုပဲပေါ့။

နောက်ဒီဇိုင်းတစ်ခု

ဒါကိုတော့ အရင်ဆုံး အိင်္ကျ ီလက်နားကို ညှပ်ပါမယ်။

ပြီးရင် လည်ပင်းနားကို ညှပ်ပါမယ်။

ပြီးရင်တော့ အနောက်ဖက်ကို တိုတိုလေးညှပ်ပါမယ်။

အရှေ့ဖက်ကို တြိဂံပုံစံလေး ညှပ်ပြီး အလယ်ကနေ ထက်ခြမ်းညှပ်ပါမယ်။

ပြီးရင် ဒီလိုလေး ဝတ်လိုက်မယ်။

ဘောင်းဘီ

ဘောင်းဘီအတို အဖြူရိုးရီုးကို ဇာအပွင့်လေးတွေတပ်ပြီး ဒီလိုလေးပြောင်းချုပ်လိုက်ပါ။ ကဲ အသစ်ဝယ်စရာမလိုတော့ဘူးနော်။