မင်္ဂလာပါနော်။ နွေရာသီပဲဖြစ်ဖြစ် တခြားရာသီပဲဖြစ်ဖြစ် ဆံပင်တွေရှုပ်ရင် ပူအိုက်အိုက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ကိုလည်း ပိုပြီးလှစေမယ်။ တော်ဝင်လည်းဆန်စေပြီး နေ့စဉ် သွားလာလှုပ်ရှားတိုင်းလည်း အဆင်ပြေမယ့် ကျစ်ဆံမြီးကျစ်နည်းလေးကို မျှဝေပေးချင်ပါတယ်။
အဆင့် ၁
အရင်ဆုံးခေါင်းကို သေချာလေးဖြီးပေးလိုက်ပါ။ ပြီးရင် ဆံပင်ထိပ်ကနေ ဆံပင်နည်းနည်းချင်းစီကို ၃ ခုခွဲပြီးယူလိုက်ပါ။
အဆင့် ၂
ကျစ်ဆံမြီး စပြီးကျစ်ရမှာဖြစ်ပါတယ်။ ရိုးရိုးကျစ်သလိုပါပဲ။
အဆင့် ၃
တစ်ခုချင်းထပ်ပြီး ကျစ်ပေးပါ။ ၃ ခုမြောက်မှာ ဘေးနားက ဆံပင်တွေကို ထပ်ယူပြီး ကျစ်ပေးရပါမယ်။ နောက်ပိုင်းကိုလည်း ဆံပင်ဘေးနားက နည်းနည်းလေးစီ ယူ ယူပြီး ကျစ်ပေးသွားပါ။
အဆင့် ၄
ဆံပင်အဆုံးအထိ ကျစ်လိုက်ပါ။ ဘေးစောင်းလေးဖြစ်ချင်ရင် ဘေးဖက်ကို နည်းနည်းစောင်းယူပြီး ကျစ်ပေးနိုင်ပါတယ်နော်။
ပြီးရင်တော့ ဆံပင်အဖျားလေးကို ခေါင်းစည်းကြိုးနဲ့ စည်းပေးလိုက်ပါ။
Featured Image Source: horseforum.com