အထူးသဖြင့် မိန်းကလေးတွေက ခြေသလုံးမွှေးတွေ ရိတ်လေ့ရှိကြပါတယ်။ ဒီလိုခြေသလုံးမွှေးရိတ်တဲ့အခါမှာ ပြီးပြီးရော ရိတ်လိုက်လို့မရပါဘူး။ သေချာအမှားအယွင်းမဖြစ်အောင် ဂရုစိုက်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်အရေပြားမပျက်စီးမှာပါ။ ဒါကြောင့် ပျိုမေတို့အနေနဲ့ ခြေသလုံးမွှေးတွေကို ဖယ်ရှားတော့မယ်၊ ရိတ်တော့မယ်ဆိုရင် အမှားအယွင်းမဖြစ်အောင် သိထားသင့်တဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

ခြေသလုံးမွှေးရိတ်တဲ့အခါ၊ ဖယ်ရှားတဲ့အခါမှာ ရေနွေးလုံးဝမသုံးရပါဘူး။ ရိုးရိုးရေအေးနဲ့ပဲ လုပ်ရပါမယ်။ ရိတ်ပြီးတဲ့အခါမှာလည်း ရေနွေးနဲ့ရေချိုးတာမျိုး လုံးဝမလုပ်ရပါဘူး။

ခြေသလုံးမွှေးတွေကိုဖယ်ရှားတဲ့အခါမှာ Waxing နဲ့ Sugaring ဆိုပြီး နည်းလမ်း ၂ မျိုးရှိပါတယ်။ Waxing ကတော့ ကပ်ခွာလို ပုံစံမျိုးလေးပါ။ Waxing လုပ်တဲ့နည်းလမ်းကိုသုံးမယ်ဆိုရင်တော့ ပြန်ခွာတဲ့အခါမှာ အောက်ကနေ အပေါ်ကိုလှန်ပြီးခွာမှ နည်းလမ်းမှန်ပါတယ်။

Sugaring ကတော့ ကိုယ်လုပ်မယ့်နေရာမှာ သုတ်ပြီးဖယ်ရတာမျိုးပါ။ Sugaring Paste မှာ Natural Ingredients တွေဖြစ်တဲ့ သကြား၊ ရေနဲ့ Lemon တို့ အများဆုံးပါဝင်ပါတယ်။ Sensitive ဖြစ်တဲ့သူတွေနဲ့ Allergic ဖြစ်တတ်တဲ့သူမျိုးဆိုရင် Waxing နည်းလမ်းကိုမသုံးပဲ Sugaring နည်းလမ်းကိုသုံးပါ။ Sugaring လုပ်တဲ့နည်းလမ်းကိုသုံးရင်တော့ အပေါ်ကနေ အောက်ကိုဆွဲချပြီးလုပ်ရပါတယ်။

တော်တော်များများလုပ်လေ့ရှိတဲ့ အလွယ်နည်းကတော့ မုတ်ဆိတ်ရိတ်တဲ့ဂျုပ်ကိုသုံးပြီး ခြေသလုံးမွှေးရိတ်တာမျိုးပါ။ ဒီလိုရိတ်မယ်ဆိုရင်တော့ အောက်ကနေ အပေါ်ကိုဆွဲတင်ပြီးရိတ်မှ နည်းလမ်းမှန်ပါတယ်။ ဘယ်နည်းလမ်းပဲသုံးသုံး နည်းလမ်းမှန်ဖို့ပဲ လိုပါတယ်။

ခြေသလုံးမွှေးရိတ်တဲ့အခါ၊ ဖယ်ရှားတဲ့အခါမှာ Scrub လုံးဝမလုပ်ရပါဘူး။ ဆပ်ပြာတိုက်ပြီး ချေးတွန်းတဲ့ အဝတ်လေးနဲ့ပဲ ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။

ခြေသလုံးမွှေးရိတ်ပြီးတဲ့အခါ၊ ဖယ်ရှားပြီးတဲ့အခါမှာ Skin ကို သေချာဂရုစိုက်ရပါမယ်။ အကောင်းဆုံးကတော့ Aloe Vera Gel တို့၊ ဒီလိုလုပ်ပြီးရင် လိမ်းဖို့အတွက်ထုတ်ထားတဲ့ Cream တို့ကို လိမ်းပေးပါ။ နေပူထဲထွက်ရင် Sunscreen လိမ်းပါ။ ဒီလိုလုပ်ပြီးတဲ့အချိန်ကစပြီး နောက် ၂ ရက်လောက်ကတော့ ရေကူးတာတို့၊ ရေနွေးနဲ့ရေချိုးတာတို့ မလုပ်ရပါဘူး။

Photo Source: www.brightside.me