ဓမ္မတာ လာနေတဲ့အချိန်မှာ မိန်းကလေးတွေက စိတ်အပြောင်းအလဲ မြန်တတ်ပါတယ်။ စိတ်တိုလွယ်၊ စိတ်ထိခိုက်လွယ်ပြီး တစ်ယောက်ယောက်က ဒီကိစ္စကြောင့် မျောက်စိတ်ဖြစ်နေတယ်ပြောရင် ဒီလို ပြောရမလားဆိုပြီး စိတ်တိုတတ်ပါသေးတယ်။ ဒါက သဘာဝတရားက ပေးတဲ့ အရာဖြစ်တာကြောင့် သင့်အနေနဲ့ ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမဲ့ စိတ်အတက်အကျမြန်လွန်းတာ၊ စိတ်ထိခိုက်လွယ်လွန်းတာကို သက်သာစေမယ့် နည်းလမ်းတွေ တော့ရှိပါတယ်။ ဒီတော့ ဘယ်လိုလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ စိတ်ပြေလက်ပျောက် ဖြစ်စေမယ့် အရာတစ်ခုခု လုပ်ပါ

အလုပ်က ဖိအား၊ မိသားစု ဖိအား စသဖြင့် စိတ်ဖိစီးမှုတွေက မိန်းကလေးတိုင်းမှာ ရှိတတ်ပါတယ်။ ဒီဖိအားတွေက ဒီအချိန်ကာလမှာ ပျိုမေတို့အတွက် ထိန်းချုပ်ရ ပိုခက်လာတတ်ပါတယ်။ ဒါကြောင့် စိတ်ကျသွားတာမျိုး မဖြစ်အောင် လာနေတဲ့ အချိန်တွေမှာ ယောဂကျင့်တာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ စသဖြင့် သင့်စိတ်ကို အပြောင်းအလဲ ဖြစ်တာမျိုး ပြုလုပ်သင့်ပါတယ်။

၂။ အချိုစားလွန်းတာမျိုး ရှောင်ပါ

ဒီလိုအချိန်တွေမှာ ချဉ်ချင်းတက်တာလိုမျိုး ကိုယ်အရမ်းစားချင်တဲ့ အရာတွေ ပေါ်လာတတ်ပါတယ်။ သင့််စိတ်ထဲ ဒီလိုပေါ်လာရင် အချိုများလွန်းတာကိုတော့ ရှောင်သင့်ပါတယ်။ သင့်ကို ပိုခေါင်းကိုက်စေတဲ့၊ ဗိုက်မအီမသာ ဖြစ်စေမယ့် အစားအသောက်မျိုးကို နည်းနည်းပဲ စားသင့်ပါတယ်။ အစားအသောက် တစ်ခုစားရင်လည်း နည်းနည်းချင်း ခွဲစားတာက သင့်ကို ပေါ့ပါးစေပြီး သင့်စိတ်အခြေအနေကိုပါ တိုးတက်စေပါလိမ့်မယ်။

၃။ Period ကို အပြစ်တင်ပါ

တစ်ခါတလေ စိတ်အခန့်မသင့်လို့ တစ်ယောက်ယောက်နဲ့ စကားများတဲ့အခါ သင့်ကိုယ်သင် အပြစ်မတင်ဘဲ Period ဖြစ်ခြင်းကိုပဲ အပြစ်တင်သင့််ပါတယ်။ Period ဆိုတဲ့ အရာက စိတ်ကြီးလွန်းတာကို သိထားသင့်ပါတယ်။

၄။ ပြင်ပနာကျင်မှုကို လျှော့ချပါ

သင့်ခန္ဓာကိုယ်မှာ နာကျင်တာတွေ ရှိလာရင် ဒါကို သက်သာအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကြိုးစားကုသသင့်ပါတယ်။ ပြင်ပ နာကျင်မှု နည်းမှ သင့်စိတ်ထိခိုက်မှု နည်းမှာပါ။ ဒါကြောင့် Menstruation ဖြစ်တဲ့အချိန် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်ပါတယ်။

၅။ ငိုဖို့ မရှက်ပါနဲ့

သင်က စိတ်ရှုပ်စရာတွေ များပြီး ငိုချင်လာရင် ငိုဖို့ မရှက်ပါနဲ့။ ငိုလိုက်တာက သင့်စိတ်ဖိစီးမှုတွေကို ဖယ်ထုတ်နိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ ငိုလိုက်လို့ သင်က ပျော့ညံ့တဲ့လူ မဖြစ်သွားပါဘူး။ ဒီကာလမှာ စိတ်ထိခိုက်မှုက မိန်းကလေးတိုင်းလိုလို ကြုံနေကျပါ။

၆။ အပြင်မထွက်ချင်ရင် မထွက်ပါနဲ့

သင်က အိမ်မှာပဲ အေးအေးဆေးဆေး နေချင်တယ်ဆိုရင် နေပစ်လိုက်ပါ။ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ မဖြစ်မနေ တွေ့ဆုံဖို့ ဆိုပြီး သင့်ကိုယ်သင် ဖိအားမပေးသင့်ပါဘူး။ သင့်စိတ်ကို ပိုအဆင်ပြေစေတဲ့ အရာဆိုရင် လုပ်သာလုပ်ပါ။

၇။ Calcium မှီဝဲပါ

Calcium ဓာတ်က ရာသီလာတဲ့အချိန် အောင့်တတ်တာကို သက်သာစေပါတယ်။ ရာသီလာနေတဲ့အချိန် အောင့်တာ သက်သာစေဖို့ သင့်အစားအသောက်ထဲ Calcium များများပါအောင် စားသင့််ပါတယ်။

ဓမ္မတာလာခြင်းက မိန်းကလေးတိုင်း မရှောင်လွှဲနိုင်တာမို့ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေနဲ့ သင့်စိတ်ကို သက်သာရာရောက်အောင် ကြိုးစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar