အထူးသဖြင့် စိတ်ပျော့တဲ့သူတွေ၊ အားငယ်စိတ်ရှိတဲ့သူတွေက တစ်ခုခုဆိုရင် စိုးရိမ်စိတ်တွေများပြီး အတွေးလွန်နေတတ်ပါတယ်။ အမြဲလိုလို တစ်ခုခုဆိုလျှောက်တွေးပြီး အတွေးတွေများနေမယ်ဆိုရင် ကြာလာတဲ့အခါမှာ Depression ဝင်လာနိုင်ပါတယ်။ ဒါကြောင့် Depression ဝင်တဲ့အဆင့်ထိရောက်မလာအောင် စိုးရိမ်စိတ်တွေများပြီး အတွေးလွန်နေတဲ့ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ပေးရပါမယ်။

စိုးရိမ်စိတ်တွေများပြီး အတွေးလွန်နေတဲ့အချိန်မှာ ကိုယ့်စိတ်ကိုပြန်ထိန်းချုပ်နိုင်ဖို့ အရင်ဆုံးလုပ်ရမှာကတော့ စက္ကန့်ပိုင်းလောက် မျက်လုံးကိုမှိတ်၊ စိတ်ကိုတည်ငြိမ်အောင်ထားပြီး အသက်ကိုရှူသွင်းရှူထုတ် ဖြေးဖြေးချင်းစီလုပ်ပေးပါ။

တစ်ခုခုဆို အကောင်းမြင်တတ်တဲ့စိတ်နဲ့ အရင်ကြည့်ပါ။ အကောင်းဘက်ကနေပဲ အရင်တွေးပါ။ စိုးရိမ်စိတ်များပြီး အတွေးလွန်နေတဲ့သူတော်တော်များများက မကောင်းတဲ့ဘက်ကနေ တွေးတတ်ကြတာများပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေ ပိုလွန်ကဲပြီး အတွေးတွေများလာတာပေါ့။ ဒါကြောင့် မကောင်းတဲ့ဘက်ကနေအရင်တွေးတတ်တဲ့ ကိုယ့်စိတ်ကို အကောင်းဘက်ကနေပဲ အမြဲတွေးတတ်အောင် ကြိုးစားပြင်ယူကြည့်ရပါမယ်။

အတွေးလွန်နေတဲ့သူတွေက တစ်ယောက်ထဲနေပြီးကို အမျိုးမျိုးလျှောက်တွေးနေတတ်တာပါ။ တချို့ဆိုရင် Depression ဝင်ရင်နေသလိုမျိုး နေကြတယ်။ တစ်ယောက်ထဲနေပြီး လျှောက်တွေးနေမယ်၊ အိပ်ယာထဲခွေခေါက်ပြီး တွေးနေမယ်၊ စိတ်ညစ်နေမယ်။ ဒီလိုလုပ်နေရင်တော့ Depression ဘက်ကို ကူးသွားပါလိမ့်မယ်။ ဒါကြောင့် အတွေးတွေကိုလျှော့ပါ။ တစ်ယောက်ထဲမနေပါနဲ့။ အပြင်သွားပါ။ လမ်းလျှောက်ထွက်ပါ။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အပြင်သွားတာ၊ မုန့်စားတာမျိုးလုပ်ပါ။ ကိုယ့်စိတ်ပျော်ရွှင်စေမယ့်အရာတွေ၊ စိတ်သက်သာရမယ့်အရာတွေကို များများလုပ်ပါ။

စိုးရိမ်စိတ်တွေများပြီး အတွေးတွေလွန်လာပြီ၊ အတွေးတွေများလာပြီဆိုရင် အလုပ်ရှုပ်အောင်နေပါ။ ဘာမှမလုပ်ပဲနေရင်တော့ အားနေတဲ့အတွက် တစ်ချိန်လုံးလျှောက်တွေးမိနေမှာပါပဲ။ ဒါကြောင့် တွေးစရာအချိန်မရှိအောင်ကို အလုပ်များများလုပ်ပါ။ အာရုံစိုက်ရတဲ့အလုပ်တွေ လုပ်ပေးတာပိုကောင်းပါတယ်။

အဆင်မပြေတာ ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး။ လူတိုင်းမှာ စိတ်ညစ်စရာဆိုတာရှိပါတယ်။ အရာအားလုံး ပြည့်စုံနေတဲ့သူဆိုတာလည်း မရှိပါဘူး၊ အချိန်တိုင်း စိတ်ညစ်နေရတဲ့သူဆိုတာလည်း မရှိပါဘူး။ အဓိကကတော့ ကိုယ့်စိတ်နဲ့ပဲဆိုင်ပါတယ်။ ပျော်ပျော်နေတတ်တဲ့သူက စိတ်ညစ်စရာကြုံရရင်တောင် ခဏပဲစိတ်ညစ်ရမှာပါ။

ဒါကြောင့် ပျော်စရာတွေ၊ စိတ်ချမ်းမြေ့စရာတွေနဲ့ကြုံရင် ဘာမှမစဉ်းစားပဲ များများသာပျော်လိုက်ပါ။ စိတ်ညစ်စရာရှိလည်း ခဏပါပဲ။ အဆင်ပြေသွားမှာပါဆိုပြီး စိတ်ပျော်အောင်နေပါ။ ဒါကြီးကိုပဲ ခေါင်းထဲထည့်ပြီးတွေးမနေပါနဲ့။ ကိုယ့်စိတ်ကိုသာထိန်းချုပ်နိုင်ရင် အရာရာအဆင်ပြေသွားမှာပါ။

Photo source: www.pinterest.com