မင်္ဂလာပါ ပျိုမဒီတို့ရေ… အဆီပြန်တဲ့အသားအရေကြောင့် စိတ်ညစ်နေရပြီလာ? တကယ်တော့ အသားအရေအဆီပြန်တယ်ဆိုတာက အရေပြားမှာရှိတဲ့ Glands တွေကနေ Sebum တွေ အများကြီး ထုတ်တာကြောင့် မျက်မှာမှာ အဆီပြန်တာတွေ ဖြစ်လာတာပါ။ ဒါ့အပြင် စိတ်ဖိစီးမှုတွေ မျိုးရိုးဗီဇနဲ့  ဟော်မုန်းအတက်အကျတွေကလည်း အဆီပြန်တဲ့အသားအရေဖြစ်ဖို့ အကြောင်းအရင်းတွေပါပဲနော်။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အဆီတွေကိုလျှော့ချဖို့အတွက်နဲ့ ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

မျက်နှာသစ်ပါ

မျက်နှာသစ်တဲ့အခါ တစ်နေ့ကို နှစ်ကြိမ်  Cleanser နဲ့ သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါ မျက်နှာကို အရမ်းမပွတ်ပါနဲ့။ ပွတ်တာက အသားအရေကို ယားစေတတ်ပြီး အဆီပိုထွက်စေလို့ပါ။

သင့်တော်တဲ့ Cleanser ကို သုံးပါ

မိတ်ကပ်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ အမြှုပ်ထွက်တဲ့ Cleanser ကို ရွေးသုံးပေးပါ။ မိတ်ကပ်ပျက်ရုံသာမကဘဲ ဘက်တီးရီးယားတွေ စိမ့်ဝင်နိုင်တဲ့ ချွေးပေါက်တွေကိုလည်း သန့်စင်ပေးနိုင်မယ့် Cleanser တွေကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ အဆီ ဒါမှမဟုတ် Alcohol ပါတဲ့ အလှပြင်ပစ္စည်းတွေကို မသုံးသင့်ပါဘူး။

နေ့စဉ် Moisturize လုပ်ပါ။

တော်တော်များများလွဲနေတဲ့အချက်က Moisturizer မသုံးရဘူးလို့ပါ။ တကယ်တော့ အဆီပြန်တဲ့ အသားအရေတင်မကဘဲ ဘယ်လိုအသားအရေဘဲဖြစ်ဖြစ် အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ Moisturizer သုံးတဲ့အခါ ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ဖို့ SPF 30+ ပါတာကို ရွေးချယ်သင့်ပါတယ်။

Sunscreen လိမ်းပါ

ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ Sunscreen ကို လိမ်းဖို့လိုအပ်ပေမယ့် အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေကတော့ တခြားအသားအရေပိုင်ရှင်တွေထက် နှစ်ဆ ပိုလိုအပ်ပါတယ်။ အမည်းစက်တွေ အရေးအကြောင်းနဲ့ အရေပြားကင်ဆာတို့ကိုရှောင်နိုင်ဖို့  နေရောင်ခြည်ဒဏ်ကို ရှောင်ကြဉ်သင့်ပါတယ်။

Alcohol Free ကို သေချာရွေးပါ

အဆီပါတဲ့ Cosmetics တွေနဲ့ Skincare တွေက ချွေးပေါက်တွေကို ပိတ်စေပြီး အဆီတွေ ပိုဖြစ်စေတာမလို့ အလှကုန်ပစ္စည်းတွေဝယ်တဲ့အခါ ရေကိုအခြေခံထားတဲ့ပစ္စည်းတွေနဲ့ အဆီမပါတာကို သေချာရွေးဝယ်ပါ။

မိတ်ကပ်မဖျက်ဘဲ ဘယ်တော့မှ မအိပ်ပါနဲ့

မိတ်ကပ်တွေမဖျက်ဘဲ ညဘက်အိပ်လိုက်ရင် မိတ်ကပ်တွေက တစ်ညလုံး ချွေးပေါက်ထဲကိုစိမ့်ဝင်နေတာမလို့ အရေးကြီးဆုံးက အိပ်ခါနီးတိုင်း မိတ်ကပ်ဖျက်ဖို့ပါဘဲ။