မိတ်ကပ်ပညာဟာ သိပ်ကို ဆန်းကျယ်တဲ့အရာပါပဲ။ မိတ်ကပ်နဲ့ လူတွေကို အမျိုးမျိုး လှအောင် လုပ်လို့ရပါတယ်။ လည်ပင်းရိုးမလှလို့ ရင်သားမရှိလို့ စိတ်ညစ်နေတဲ့ပျိုမေတို့အတွက် လည်ပင်းရိုးပေါ်အောင်နဲ့ ရင်သားပေါ်အောင် မိတ်ကပ်ကို ဘယ်လိုလိမ်းချယ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
ပြည့်ပြည့်တင်းတင်းရှိပြီး လှပတဲ့ ရင်သားကို အမျိုးသမီးတိုင်းပိုင်ဆိုင်ချင်ကြပေမယ့်လည်း လူတိုင်းတော့ လှပတဲ့ ရင်သားလေးတွေရှိကြတာတော့မဟုတ်ပါဘူး။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ကောက်ကြောင်းဖော်ပေးမယ့် မိတ်ကပ်အညိုချောင်း (Contour Stick)
Concealer ချောင်း
ပေါင်ဒါ
Highlight Palette ( Highlight လုပ်ပေးတဲ့ မိတ်ကပ်တွေ)
ဖောင်ဒေးရှင်းမှုန့်
Brushes တွေ
ဘယ်လိုလုပ်မလဲ
ပထမဆုံး Contour Stick ကို ရင်သားလမ်းကြောင်းအတိုင်းနဲ့ လည်တိုင်ရိုးတွေမှာ ခြစ်ဆွဲပေးပါ။ လည်ပင်းနားပြီးရင် ပုခုံးပေါ်မှာလည်း ဆွဲပေးပါ။ ပြီးရင် Concealer Stick ကို ယူပြီး အညိုုဆွဲထားတဲ့ အလယ်နားတစ်ဝိုက်မှာ လိမ်းပေးပါ။ ပြီးရင် Brush နဲ့ သေချာပွတ်ပေးပါ။
ပြီးရင် မိတ်ကပ်အညိုလိမ်းထားတဲ့နေရာမှာ Brush နဲ့ သေချာပြန်ပွတ်ပေးပါ။ အဲဒီနောက် ဖောင်ဒေးရှင်း မိတ်ကပ်ကိုလိမ်းပေးပါ။
အဲဒီနောက် Highlight Palette အညိုနဲ့ အဖြူကို သုံးပေးရမှာပါ။ အညိုကို စောစောက အညိုခြယ်ထားတဲ့ နေရာမှာ လိမ်းပေးပြီး အဖြူကိုတော့ မိတ်ကပ်အဖြူလိမ်းထားတဲ့နေရာမှာ လိမ်းပေးပါ။