အားလုံးပဲ မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့နေရာမှာ Contour နဲ့ Highlight လုပ်တာကို မိန်းကလေးတော်တော်များများပြုလုပ်လာကြပါပြီ။ Contour လုပ်တာက သင့်မျက်နှာအသားအရောင်ထက် ပိုညိုတဲ့ပုံစံနဲ့ မျက်နှာကျပိုထင်ရှားအောင်လုပ်တာပါ။ ကိုယ်လိုချင်တဲ့ မျက်နှာပုံစံရအောင် ညိုသင့်တဲ့ နေရာကို အရောင်ချတာပါ။ အထူးသဖြင့် နှုတ်ခေါင်း၊ နဖူး၊ မေးစေ့နဲ့ ပါးစောင်နေရာမှာ Contour လုပ်ရပါတယ်။

Highlight လုပ်တယ်ဆိုတာကတော့ သင့်ရဲ့ ပေါ်ချင်တဲ့ နေရာအစိတ်အပိုင်းတွေကို လင်းသွားအောင်လုပ်ပေးတာပါ။ ဥပမာ Matte ပုံစံ Highlight ဖောက်ချင်ရင် သင့်အသားအရေထက် နှစ်ဆင့်ပိုလင်းတဲ့ Concealer မျိုးသုံးပေးရပါတယ်။ သင့်မျက်နှာကို Glow ဖြစ်ချင်ရင်တော့ အရည်ပုံစံ Liquid Highlighter သုံးပေးရပါတယ်။

အောက်မှာပြောထားတဲ့ပုံတွေမှာတော့ Contour လုပ်ရမယ့် နေရာကို လိမ္မော်ရောင်နဲ့ ပြထားပြီး Highlight ကိုတော့ ပန်းရောင်နဲ့ပြထားပါတယ်။

၁။ အသည်းနှလုံးပုံစံ မျက်နှာကျအတွက်

၂။ မျက်နှာဝိုင်းတဲ့ သူများအတွက်

၃။ မျက်နှာလေးထောင့် ပိုင်ရှင်များအတွက်

၄။ ထောင့်မှန်စတုဂံ မျက်နှာကျများအတွက်

၅။ ဘဲဥပုံစံ မျက်နှာပုံသဏ္ဍာန်အတွက်

၆။ မျက်နှာရှည်တဲ့သူများအတွက်

၇။ စိန်တုံးပုံစံ မျက်နှာကျများအတွက်

Source: Cosmopolitan.com