ကိုယ်အလေးချိန်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတယ်၊ အားငယ်တယ်ဆိုတဲ့ စကားမျိုးကို ပျိုမေတို့ မတွေးမိဖို့ ကြိုးစားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်လို ခန္ဓာကိုယ် အချိုးအစားပဲ ဖြစ်ပါစေ လှအောင် ဝတ်ဆင်နိုင်၊ ပြင်ဆင်နိုင်လို့ပါ။ ဝတ်ဆင်နည်းတွေ သိထားမယ်၊ ပြင်ဆင်နည်းတွေ သိထားမယ်၊ ဘယ်လိုလှအောင် နေရမလဲ လေ့လာဖို့ရယ်ပဲ လိုအပ်တာပါ။ ဒီတစ်ခေါက်မှာတော့ ပေါင်တုတ်လို့ အတိုမဝတ်ရဲ၊ ဘောင်းဘီရှည် မဝတ်ရဲတဲ့ ပျိုမေတို့ ယုံကြည်မှု တက်စေမယ့် ဖက်ရှင် ဝတ်ဆင်နည်းတွေကို ဖော်ပြပါရစေ။ ပျိုမေတို့အနေနဲ့ ဖော်ပြပါ ဖက်ရှင်နည်းလမ်းတွေကို နမူနာ ယူနိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ဘောင်းဘီအပွကိုမှ တစ်ဖြောင့်တည်းသွားတဲ့ Pants တွေက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဖြစ်စေပါတယ်။

ခန္ဓာကိုယ် ပြည့်ပြည့်လေး ဖြစ်မယ်ဆိုရင် ကိုယ်ကျပ် Crop တွေက လှနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့် ဆိုဒ်နဲ့ ကွက်တိရည်ရွယ်ထားတဲ့ ဘောင်းဘီရှည်တွေက သင့်တော်ပါတယ်။

အောက်ကား ဘောင်းဘီတွေက ပေါင်တုတ်တဲ့ ပျိုမေတို့အတွက် ဖန်တီးထားလား မှတ်ရပါတယ်။

ဘောင်းဘီအရောင်ကို နက်ပြီး ရင့်တဲ့ အရောင်တွေက ပေါင်တုတ်တဲ့ ပျိုမေတို့ကို ပေါင်တံသွယ်သွားစေပါတယ်။

ဘောင်းဘီရှည်နဲ့အတူ အပေါ်အင်္ကျီကို အနက် ဝတ်မယ်ဆိိုရင် ပိုပိန်တယ် ထင်ရစေပြီး ပေါင်တုတ်တာ မသိသာတော့ပါဘူး။

စကပ်လေးတွေက ပေါင်တုတ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် ကိုယ့်ခန္ဓာကိုယ်အတွက် ရှက်စရာ မလိုကြောင်း ပုံထဲက မော်ဒယ်က ပြောပြနေပါတယ်။

စကပ်ရှည်တွေက ပေါင်တုတ်တဲ့ ပျိုမေတို့ အကြိုက်ပါပဲ။

စကပ်ရှည်နဲ့အတူ Sneaker လေးတွေက လူငယ်ဆန်ဆန် လိုက်ဖက်ပါတယ်။

ပေါင်တုတ်ပြီး ခါးသေးတဲ့ ကောင်မလေးတွေ Try ကြည့်သင့်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။

ကိုယ့် Size ထက် ပိုကြီးပြိး ပိုချောင်တယ် ထင်ရတဲ့ အဝတ်အစားတွေက ပိန်သွားတယ် ထင်ရစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar